နှစ်ထပ်စာသင်ကျောင်းဆောင်သစ် လူထုစစ်ဆေး

ဆောမြို့ သြဂုတ်၂၇

မကွေးတိုင်း ဆောမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) တွင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ငါးလွန်းကျေးရွာအုပ်စု ငါးလွန်းကျေးရွာ မူလတန်းလွန်ကျောင်း နှစ်ထပ်ကျောင်းဆောင်သစ် ပြီးစီးဆောင်ရွက်ခဲ့ နိုင်မှု့ကို (၂၇.၈.၂၀၁၉)ရက်နေ့တွင် လူထုစစ်ဆေးပွဲ အခမ်းအနား ကျင်းပ ပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက အဖွင့် အမှာစကားပြောကြားပြီး ဘဏ္ဍာရေး၊ ဝယ်ယူရေး၊ လည်ပတ်ပြုပြင်ထိန်းသိမ်းရေး၊ စောင့်ကြည့်ကြည့်ကြပ်ရေး၊ ဝေဖန်အကြံပြု တိုင်ကြားချက် ဖြေရှင်းရေး၊ လူထုပူးပေါင်းပါဝင်မှု့ ကဏ္ဍများနှင့် ပတ်သက်ပြီး စီမံကိန်းတလျှောက် ဆောင်ရွက်နိုုင်ခဲ့မှု့များအား သက်ဆိုင်ရာ ကျေးရွာစီမံ ခန့်ခွဲမှု့ ကော်မတီဝင်များမှ ရှင်းလင်း တင်ပြခဲ့ကာ ကျေးရွာသူ/သားများကလည်း စီမံကိန်း ဆောင်ရွက်နိုင်ခဲ့မှု့ လုပ်ငန်းစဉ်နှင့် ရလဒ်များ အပေါ် ဆန္ဒမဲများ ပေးခြင်း ပြုလုပ်ခဲ့ပါသည်။

အဆိုပါ နှစ်ထပ် စာသင်ကျောင်းဆောင် အသစ် (၆၀’x၃၀’) ဆောက်လုပ်ခြင်း လုပ်ငန်းကို လူထုဗဟိုပြု စီမံကိန်း ထည့်ဝင်ငွေ ၃၄၁၉၁၆၀၀ ကျပ်နှင့် လူထုပူးပေါင်းပါဝင် ထည့်ဝင်လှူဒါန်းငွေ ၅၁၆၁၆၄၀ ကျပ် စုစုပေါင်း ကုန်ကျငွေ ၃၉၃၅၃၂၄၀ ကျပ်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်းနှင့် လူထုစစ်ဆေးပွဲကို ကျေးရွာသူ/သားများ၊နှင့်အတူ လူထုဗဟိုပြု စီမံကိန်းမှ လူထုစည်းရုံးရေးမှူး၊ လက်ထောက်နည်းပညာမှူး၊ ကျေးလက်ဖွံံ့ဖြိုးရေးခေါင်းဆောင်နှင့် နည်းပညာအကြံပေး အဖွဲ့ခေါင်းဆောင်တို့ တက်ရောက်ခဲ့ကြောင် သတင်းရရှိပါသည်။