စေတုတ္တရာမြို့နယ် လူထုဗဟိုပြု စီမံကိန်း (စတုတ္ထနှစ်စက်ဝန်း) မြို့နယ်အဆင့်သက်ဆိုင်သူအဖွဲ့အစည်း ပေါင်းစုံပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ

၁ဝရက် ဇွန်လ ၂၀၁၈

အခမ်းအနားသို့ တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦး နှင့် ဦးထွန်းထွန်းဝင်း တို့မှ အသီးသီးအမှာစကားပြောကြားခြင်း၊ မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစိုးလင်းထွဋ် မှ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု များအားရှင်းလင်းတင်ပြခြင်း၊ စီမံကိန်းတစ်နှစ်တာဆောင်ရွက်ထားရှိသည့်များထဲမှ အကောင်းဆုံးကျေးရွာအုပ်စုနှင့် ကျေးရွာများအားရွေးချယ်ခြင်းနှင့် အုပ်စု(၇)ခွဲ၍ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက် အဖွဲ့တစ်ဖွဲ့ချင်းစီမှ ဆွေးနွေးထားသည့်အချက်များအားရှင်းလင်းတင်ပြခြင်း၊ မင်းဘူးကျေးလက်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆည်မောင်မှ ဆုရကျေးရွာအုပ်စု နှင့်ကျေးရွာများအားဖွင့်ဖောက်ကြေငြာခြင်း၊ ဆုများပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က အပိတ်မိန့်ခွန်းပြောကြားကာ အခမ်းအနားကိုအောင်မြင်စွာကျင်းပခဲ့ပါသည်။