ကွမ်းခြံကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပ

၂၃-မေလ-၂၀၁၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေး အခမ်းအနားအား (၂၃-၅-၂၀၁၈)ရက်တွင်ကွမ်ခြံကုန်းမြို့ တွင်နံနက် (၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါအခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးကြည်မှ အဖွင့်အမှာစကားပြောကြားခြင်း၊ကွမ်းခြံကုန်းမြို့နယ်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းမှ နှုတ်ဆက်အမှာစကားပြောကြားခြင်း၊ ရန်ကုန်တိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လူထုဗဟိုပြုစီမံကိန်းတိုင်းတာဝန်ခံမှ မိတ်ဆက်ရှင်းလင်းတင်ပြခြင်း၊ NCDDP International NCDDP Sprcialist Ms.Marlrne Cacho Fuentes မှ မိတ်ဆက်စကားပြောကြားခြင်း၊ ကွမ်းခြံကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း မြို့နယ်နည်ပညာအကြံပေး အဖွဲ့ခေါင်းဆောင် မှ ဆွေးနွေးတင်ပြခြင်း၊

ကျေးရွာလူထုမှ သိရှိလိုသည်များကိုမေးမြန်းခြင်း၊ အုပ်စုဖွဲ့ဆွေးနွေခြင်း၊ ဂျုရီလူကြီးမှ ထူးချွန် ကျေးရွာ/ကျေးရွာအုပ်စုအမှတ်ပေးခြင်း နှင့် ဆုချီးမြှင့်ခြင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်ခင်သန်းအေးမှ ကျေးဇူးတင်စကားပြောကြားခြင်းတို့ပြုလုပ်၍ အခမ်းအနားအောင်မြင်စွာ ပြီးမြောက်ခဲ့သည်။ အခမ်းအနားအား ကျေးရွာ ကော်မတီဝင်များ၊မြို့မိမြို့ဖ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ စုစုပေါင်း

(၄၃၂)ဦးခန့်တက်ရောက်ခဲ့ကြပြီး နေ့လည်(၁၄၃၀) နာရီ အချိန်တွင်အခမ်းအနားအောင်မြင်စွာပြီးဆုံးခဲ့သည်။