အပတ်စဉ်အစည်းအဝေးကျင်းပ

မေ ၃၁ လှိုင်းဘွဲမြို့

          ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် လူထုဗဟိုပြုစီမံကိန်းမှ မြို့နယ်စီမံခန့်ခွဲမှုကော်မတီအပတ်စဉ် အစည်းအဝေးကို လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ (၃၁.၅.၂၀၁၉) ရက်နေ့ ညနေ(၂)နာရီတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

          အစည်းအဝေးတွင် စီမံကိန်းလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန် ရုံးတွင်းဝန်ထမ်းရေးရာစီမံခန့်ခွဲမှုများ၊ လုပ်ငန်းတိုးတက်မှုအခြေအနေများ၊ ဝန်ထမ်းများကွင်းဆင်းရာတွင် တွေ့ကြုံရသောအခက်အခဲများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီများမှ တင်ပြဆွေးနွေးရာ မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်မှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပေးခဲ့ပါသည်။

          အစည်းအဝေးကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် လူထုဗဟိုပြုစီမံကိန်းတာဝန်ခံဝန်ထမ်းများ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။