ဆောမြို့နယ် လူထုဗဟိုပြုစီမံကိန်း ဝန်ထမ်းများ လေ့လာရေးခရီး သွား​ရောက်​​လေ့လာခြင်​း



ဆော မတ်လ ၂၉ ရက်

ကွေးတိုင်ဒေသကြီး၊ဆော မြို့နယ်လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဆောင်ရွက်လျက်ရှိသော လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက်နည်းပညာမှူ း(၄၃)ဦးတို့သည် ကြံခင်းမြိ ု့နယ် လူထုဗဟိုပြုစီမံကိန်း တတိယနှစ် စက်ဝန်း (၄)နှစ်အတွင်း အကောင်အထည်​​ဖော်​​ဆောင်ရွက်​​နေမူမျ ားအား (၂၆.၃.၂၀၁၉)ရက်နေ့မှ (၃၀.၃.၂၀၁၉)ရက်​​နေ့ထိ ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန (ရုံးချုပ်)မှ တာဝန်ရှိသူများ၊ တိုင်ဒေသကြီးမှ တာဝန်ရှိသူများနှင့်အတူ လေ့လာရေးခရီးစဉ်အဖြစ် ကွင်းဆင်းလေ့လာခဲ့သည်။ အဆိုပါခရီးစဉ်တွင် အုပ်စုနှစ်စုခွဲ၍ ကျေးရွာ(၁၀)ရွာမှ စီမံကိန်းစက်ဝန်း(၄)နှစ်အတွင်းဆောင်ရွက်ခဲ့သည့် အဆောက်အဦ၊ မီးလင်ရေး၊ လမ်းတံတား၊ရေပေးဝေရေးနှင့်အခြား လုပ်ငန်းများနှင့်ပတ်သတ်၍ အားနည်းချက်၊အားသာချက်များ အပြန်အလှန်မေးမြန်းခြင်း၊လေ့လာခြင်း၊စီမံကိန်းဆိုင်ရာ ဗဟုသုတများဖလှယ်ခြင်းများ၊အကြံပေးခြင်း၊အစီအစဉ်များဖြင့်ကွင်းဆင်းလေ့လာခဲ့ ကြသည်။ ထို့နောက် မြို့နယ်စီမံကိန်းရေးဆွဲရေးကော်မတီနှင့် တွေ့ဆုံ၍ ကြံခင်းမြို့နယ်၏ စီမံကိန်းနှင့်ပတ်သက်၍ အဆင့်လိုက်​​ဆောင်ခဲ့ပုံများရှင်းလင်ပြောပြခြင်း၊ ဗဟုသုတများရယူခြင်း၊ ကွင်းဆင်းလေ့လာခဲ့သည့် လေ့လာမှုများအား ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း အကောင်အထည် ဖော်​​ဆောင်ရွက်​​နေသော ဝန်ထမ်းများဖြင်တွေ့ဆုံကာ လေ့လေ့တွေ့ရှိချက်များအား ချပြဆွေးနွေးခြင်း၊ ညှိနှိုင်းဖလှယ်ခြင်း၊ စာရင်းဇယားထားရှိမူများ၊ သိလိုသည်များ အပြန်အလှန်​​မေးမြန်းဖလှယ်ခဲ့ကြကြောင်းသိရသည်

စိုးမိုး(ကျေးလက်)