လူထုဗဟိုပြု စီမံကိန်း ရှမ်းပြည်နယ် မဘိမ်းမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲကျင်းပ

၆ရက် ဖေဖော်ဝါရီလ ၂၀၁၉ခုနှစ်

လူထုဗဟိုပြု စီမံကိန်း ပထမနှစ် စက်ဝန်းအား အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိသည့် ရှမ်းပြည်နယ် မဘိမ်းမြို့နယ် မြို့နယ် အဆင့် သက်ဆိုင်သူ ပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနား အား (၆.၂.၂၀၁၉) ရက်နေ့တွင်ကျင်းပခဲ့ရာ ကျေလက်ဦးစီး(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူး ဒေါ်မီမီထွေးနှင့် ရှမ်းပြည်နယ် မိုးမိတ် ခရိုင် ထွေအုပ်ဦးစီးဌာန ဒုတိယ ခရိုင် အုပ်ချုပ်ရေးမှူး လ/ထ ညွှန်ကြားရေးမှူး ဦးတိုးမြင့် တို့မှ အဖွင့် အမှာစကား ပြောကြားပေးခဲ့ပါသည်။ အစည်းအဝေးတွင် ပြည်နယ်ဌာနဆိုင်ရာများ ခရိုင်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးရေး အဖွဲ့အစည်းများ INGOs NGOs CSO များ မြို့နယ် ဌာနဆိုင်ရာများ ကျေးရွာ အုပ်ချုပ်ရေးမှူးများ နှင့် ကျေးရွာ စီမံကိန်း ကော်မတီဝင်များ စုစုပေါင်း (၂၀၀) ကျော် တက်ရောက် ခဲ့ပါသည်။ ထို့နောက် မြို့နယ် နည်းပညာအကြံပေး အဖွဲ့ ခေါင်းဆောင် ဦးအောင်မြတ်ထွဋ်မှ သက်ဆိုင်ရာ ကဏ္ဍအလိုက် တစ်နှစ်တာ အကောင်အထည်ဖော် ဆောင်ရွက်မှု အခြေအနေကို တင်ပြဆွေးနွေးခဲ့ပါသည်