နေပြည်တော်စီမံကိန်းရုံးခွဲလပတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်

နေပြည်တော် ဧပြီ ၂၀ ရက်

စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန ၊ပြည်ထောင်စုနယ်မြေ လူထုဗဟိုပြုစီမံကိန်း၊ နေပြည်တော်စီမံကိန်းရုံးခွဲ၏ လပတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း မှ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ စီမံကိန်းမြို့နယ်များဖြစ်ကြသည့် တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်များမှ စီမံကိန်းတာဝန်ခံများမှ လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်း များ၏ အခြေအနေများကို တင်ပြခဲ့ရာတွင် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်းမှ လိုအပ်သည် များအားညှိနှိုင်းဆွေးနွေးညွှန်ကြားခဲ့ကြောင်းသိရှိရပါသည်။ အဆိုပါလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ညိုညိုဝင်း၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးညွှန်ကြားရေးမှူးဦးဌေးဝင်း၊ နေပြည်တော်လူထုဗဟိုပြုစီမံကိန်းရုံးခွဲတာဝန်ခံဝန်ထမ်းများ၊ တပ်ကုန်းမြို့နယ်၊ လယ်ဝေးမြို့နယ်၊ ပျဉ်းမနားမြို့နယ်များမှ မြို့နယ်ဦးစီးမှူးများ၊ စီမံကိန်းတာဝန်ခံဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို နေ့လယ် ၁၂ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။