အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကျင်းပ

ချောင်းဆုံမြို့နယ်၊ဒီဇင်ဘာ(၅)ရက်

            စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ချောင်းဆုံကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်ကမ္ဘာ့ဘဏ်တို့ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသောလူထုဗဟိုပြုစီမံကိန်းမှအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှုအထိမ်းအမှတ်အခမ်းအနားကို(၄.၁၁.၂၀၁၈)ရက်နေ့နံနက်(၉)နာရီတွင်ချောင်းဆုံမြို့နယ်၊ကျွန်းသာယာခန်းမ၌ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါအခမ်းအနားသို့မွန်ပြည်နယ်လူထုဗဟိုပြုစီမံကိန်းတာဝန်ခံ၊လူမှုဝန်ထမ်းဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာရဲမြတ်ဦးနှင့်အဖွဲ့၊ဌာနဆိုင်ရာများ၊မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊လူမှုရေးအသင်းအဖွဲ့များ၊မြစိမ်းရောင်ကော်မတီဝင်များနှင့်လူထုဗဟိုပြုစီမံကိန်းကျေးရွာကော်မတီဝင်များတက်ရောက်ခဲ့ကြောင်းသိရပါသည်။