တိုင်းဒေသကြီးအဆင့် ပဉ္စမနှစ်စက်ဝန်း ပညာရေး၊ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် အဆောက်အဦများလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကျင်းပ

  ဇွန် (၇) ဧရာဝတီ

 ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီး အဆင့် CDD,NEP စီမံကိန်းတို့ဖြင့် ဆောင်ရွက်သော ပညာရေး၊ ကျန်းမာရေးကဏ္ဍနှင့် သက်ဆိုင်သည့် အဆောက်အဦများနှင့် ဆိုလာမီးလင်းရေးစနစ် လုပ်ငန်းများ လွှဲပြောင်းပေးအပ်ပွဲ     အခမ်းအနားကို ဇွန်လ (၇) ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဝန်ကြီးဦးတင်အောင်ဝင်းမှ လွှဲပြောင်းပေးအပ်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့လူမှုရေးဝန်ကြီး ဌာန ဝန်ကြီးဒေါက်တာလှမြတ်သွေးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားပါသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးဦးနေထက်ရှိန်မှ လွှဲပြောင်းပေးအပ်ခြင်းအကြောင်းရင်းနှင့် စီမံကိန်း လုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြပါသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးမှ အခြေခံပညာဦးစီးဌာနနှင့် သက်ဆိုင်သည့် အခြေခံ အဆောက် အဦလုပ်ငန်းခွဲ (၇၆) ခု၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် သက်ဆိုင်သည့်အခြေခံ အဆောက်အဦလုပ်ငန်းခွဲ (၂) ခု လုပ်ငန်းစာရင်းများအား လူမှုရေးဝန်ကြီးဌာန ဝန်ကြီးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။