လူထုဗဟိုပြုစီမံကိန်း ဧရာဝတီဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်း အစည်းအဝေးပွဲကျင်းပ

၃ဝရက် မေလ ၂၀၁၇

လူထုဗဟိုပြုစီမံကိန်း ဧရာဝတီဒေသကြီး၊ လေးမျက်နှာမြို့နယ်တွင် သက်ဆိုင်သူအဖွဲ့အစည်းပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကို ယနေ့(၃၀.၅.၂၀၁၇) ရက်နေ့ နံနက်(၉းဝ၀)အချိန်တွင် လေးမျက်နှာမြို့နယ် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးပွဲသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်မှ အဖွင့်အမှာစကားပြောကြား ခဲ့ပြီး သက်ဆိုင်ရာအဖွဲ့အစည်းပေါင်းစုံမှကိုယ်စားလှယ်များမှ ဆွေးနွေးခြင်း၊ သုံးသပ်ခြင်း၊ အကြံပြုခြင်းများပြုလုပ်ခဲ့ပြီး လူထုဗဟိုပြုစီမံကိန်း ဧရာဝတီဒေသကြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးတာဝန်ခံမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကိုမွန်လွဲ(၃း၃၀)နာရီအချိန်တွင် အောင်မြင်စွာပြီးဆုံးခဲ့ပါသည်၊၊

အဆိုပါ အစည်းအဝေးသို့ ကျေးရွာကော်မတီဝင်များ၊ အုပ်ချုပ်ရေးမှုးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ CSOs၊ INGOs၊ NGOs စုစုပေါင်း(၅၄၀) ဦးတက်ရောက်ကြသည်။