ဧရာဝတီတိုင်းဒေသကြီး၊ ဓနုဖြူမြို့နယ် လူထုဗဟိုပြုစီမံကိန်း (ပထမနှစ်စက်ဝန်း) VDP Integration Workshop ကျင်းပပြုလုပ်ခြင်း

ဇူလိုင်လ (၅) ရက်

    စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၊ ဧရာဝတီတိုင်းဒေသကြီး ၊ ဓနုဖြူမြို့နယ် (ပထမနှစ် )စက်ဝန်း မြို့နယ်အဆင့်စီမံကိန်းရေးဆွဲရေးတွင် ကျေးရွာဖွံ့ဖြိုးရေးအစီအစဉ်များကိုထည့်သွင်းအကောင်အထည်ဖော်ရေးဆွဲနိုင်ရေးအလုပ်ရုံဆွေးနွေးပွဲကို  (၅.၇.၂၀၁၉) ရက်နေ့၊ ရတနာပြည့်လျှံ ဓမ္မဗိမာန်တွင် နံနက် (၉:၀၀) နာရီတွင် ကျင်းပပြုလုပ်ရာ  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှမှ အဖွင့်အမှာစကားပြောကြားခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးဦနေထက်ရှိန်မှ VDP Integration Workshop   ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ပြောကြားခြင်း၊ ကျေးရွာအုပ်စုများမှာလည်း ကဏ္ဍ အလိုက် ဆွေးနွေးတင်ပြခဲ့ပါသည်။

 ဆက်လက်၍ ကျေးရွာအုပ်စုများမှ တင်ပြချက်များအား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်  မဲဆန္ဒနယ်အမှတ် (၁) ဦးအောင်နိုင်ထွန်းမှ အကျဉ်းချုပ်ပြန်လည်ဆွေးနွေးတင်ပြခဲ့ပါသည်။ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စုကော်မတီများ စုစုပေါင်း (၁၈၉) ဦးတက် ရောက် ခဲ့ပါသည်။