ချောင်းဆုံမြို့နယ် မွန်အမျိုးသားနေ့အခမ်းအနား၌ လူထုဗဟိုပြုစီမံကိန်း ပညာပေး ပြခန်းကျင်းပ ပြုလုပ်

 

၁.၂.၂၀၁၈(မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်)

             စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊  ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန နှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်းအကြောင်း  အများပြည်သူများ ပိုမိုသိရှိစေရန် ရည်ရွယ်၍ ကျင်းပသော ပညာပေးပြခန်းကို ဖေဖော်ဝါရီလ (၁)ရက်နေ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် သက္ကောကျေးရွာ (၇၁) ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား၌ ပြုလုပ်ခဲ့ပြီး ပြခန်းသို့မွန်ပြည်နယ်အစိုးရအဖွဲ့၊​ဆောက်လုပ်ရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးမင်းကျော်လွင်၊  အမျိုးသားလွှတ်တော်ကိုယ်စား လှယ်ဦးလင်းတင်ဌေး၊ မွန်ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးဦးဇော်မျိုးလွင်၊ ချောင်းဆုံမြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ်ဦးစီးမှူး နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြပါသည်။

             ၄င်းပညာပေးပြခန်းသည် ကျေးရွာသူကျေးရွာသားများအား စီမံကိန်းအကြောင်း ထိထိရောက်ရောက် အသိပညာဖြန့်ဝေပေးနိုင်စေရန် ၊စီမံကိန်းအကြောင်း နားလည်ကာ ပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် ရည်ရွယ်ပြီး ပြခန်းသို့ လာရောက်လေ့လာကြသော ကော်မတီဝင်များ၊ ကျေးရွာလူထုများအား စီမံကိန်းနှင့်သက်ဆိုင်သော မေခွန်းမေးမြန်း၍ စီမံကိန်းတံဆိပ်ပါ လက်ဆောင်ပစ္စည်းများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရပါသည်။