စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများသို့ တာဝန်ရှိသူများကွင်းဆင်းကြည့်ရှု

(၆.၂.၂၀၁၈)ရက်နေ့

ကယားပြည်နယ်၊ လွိုင်ကော်-ရှားတောမြို့နယ်လူထုဗဟိုပြုစီမံကိန်း(ဒုတိယနှစ်စက်ဝန်း) အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဝမ်ကုန်းကျေးရွာ၏ ခန်းမဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း၊ နန်းနောက်ကျေးရွာ၏ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း၊ ခုတ်လောကျေးရွာ၏ကျေးရွာခန်းမဆောင်ဆောက်လုပ်ခြင်းလုပ်ငန်း၊ သာယုကျေးရွာ၏ ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းများသို့ ကယားပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးစောဒီးဒီ၊ လွိုင်ကော်ခရိုင်ကျေးလက်မှ ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးတင်ကိုလတ်၊ မြို့နယ်နည်းပညာ အကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နော်ဂျူးလစ်နှင့်အတူ မြို့နယ် Infra၊ CF/TF များဖြင့် ကွင်းဆင်းကြည့်ရှုခဲ့ပြီး လိုအပ်သည်များအား တာဝန်ရှိသူများသို့ အကြံဉာဏ်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ကျေးရွာကော်မတီဝင်များ၊ ကျေးရွာသူ/သားများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့ကြပါသည်။