လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်း လုပ်ငန်းဆောင်ရွက်နေမှုအား မိုးကောင်းမြို့နယ်တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုးကောင်း၊ဇန်နဝါရီ ၁၆

မိုးကောင်းမြို့နယ်၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်းသည်ဇန်နဝါရီ ၁၆ ရက်နေ့က ရေတွင်းကုန်းကျေးရွာ၊

ကုန်းတန်းကြီးကျေးရွာ၊ကညင်မြိုင်ကျေးရွာ၊ နောင်းပုံကျေးရွာ၊ ကချင်နံနွမ်ကျေးရွာ တို့တွင် လူထုဗဟိုပြုစီမံကိန်း(စတုတ္ထနှစ်စက်ဝန်း)လုပ်ငန်းများ

အကောင်အထည်ဖော ်ဆောင်ရွက်နေမှုများအားကွင်းဆင်းစစ်ဆေးရာ ပြည်နယ်infra ဦးဇင်ဖြိုးအောင်၊မြို့နယ် infra ဦးသီဟ‌ဇော်၊ မြို့နယ်နည်းပညာ

အကြံပေးအဖွဲ့ခေါင်းဆောင်ဦးမြတ်သူတို့မှအတူလိုက်ပါခဲ့ကြပြီး၊ လိုအပ်ချက် အားနည်းချက်များအားအကြံပြုဆွေးနွေးခဲ့ကြသည်။

မိုးကောင်းမြို့နယ်တွင်ကျေးရွာပေါင်း(၇၉)ရွာရှိပြီး ကျေးရွာ(၇၈)ရွာမှစီမံကိန်းလုပ်ငန်းခွဲ(၁၀၃) ခု အားTPICသို့ တင်ပြခဲ့ရာ လုပ်ငန်းခွဲ(၉၉)ခုအား

အတည်ပြုခွင့်ပြုထားသည့်အနက် လုပ်ငန်းခွဲ(၉)ခု စတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊နမ္မနကျေးရွာမှစီမံကိန်းလုပ်ငန်းခွဲများ

TPICတင်ပြနိုင်ရေးအတွက်ကွင်းဆင်းတိုင်းတာတွက်ချက်လျက်ရှိကြောင်းနှင့် စတုတ္ထနှစ်စက်ဝန်းတွင် ကျေးရွာအုပ်စု(၃၆)အုပ်စုကျေးရွာပေါင်း (၇၉)ရွာ

အတွက် စီမံကိန်းထောက်ပံ့ရံပုံငွေကျပ် (၁၆၂၃)သန်းဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးမြသိန်းဝင်းထံမှ သိရသည်။

သတင်း - Mogaung CDD