ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) မြို့နယ်အဆင့် သက်ဆိုင်သူပေါင်းစုံပါဝင်သော သုံးသပ်ခြင်းအစည်းအဝေးကျင်းပခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကြံခင်း မြို့နယ် လူထုဗဟိုပြုစီမံကိန်း(တတိယနှစ်စက်ဝန်း ) မြို့နယ်အဆင့်သက်ဆိုင်သူ ပေါင်းစုံပါဝင်သောသုံးသပ်ခြင်း အစည်းအဝေးကို (၂၅.၅.၂၀၁၈) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးစိုးသန်းမှ အဖွင့်အမှာစကားပြောကြား၍ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျေးရွာကော်မတီများ စုစုပေါင်းလူဦးရေ (၃၅၀)ဦး တက်ရောက်ခဲ့ပြီး  ဆုရရှိသောကျေးရွာများအားဆုချီးမြှင့်၍ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးတာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။