ဓနုဖြူမြို့နယ်ရှိ ကျေးရွာများတွင် ကျေးရွာစီမံခန့်ခွဲမှုသင်တန်းပေးခြင်း

   ဧရာဝတီတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကွပ်ကဲမှုအောက်ရှိ လူထုဗဟိုပြု စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေသော ဓနုဖြူမြို့နယ်ရှိ လမန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၄) ရွာဖြစ်သော ခနောင်ရိုက်၊ ဆင်လူး၊  လမန်းအရှေ့နှင့် လမန်းအနောက်ကျေးရွာများတွင် တာဝန်ကျ စည်းရုံးရေးမှူး များမှ ကျေးရွာစီမံခန့်ခွဲမှု သင်တန်းကို  (၂၀.၁၁.၂၀၁၉)ရက်နှင့် (၂၂.၁၁.၂၀၁၉) ရက်နေ့များတွင်  ခနောင်ရိုက် ကျေးရွာ၌ ကျင်းပပြုလုပ်ရာ ကော်မတီဝင်စုစုပေါင်း (၆၀) ဦးတက်ရောက်ခဲ့ပါသည်။

   အဆိုပါသင်တန်းသည် ကျေးရွာများရှိ ကော်မတီဝင်များအား စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ရာတွင် သိရှိနားလည်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားလာစေရန်၊  ၎င်းတို့၏ ယုံကြည်မှု၊ အသိပညာ ဗဟုသုတ စွမ်းရည်များ မြှင့်တင်ပေးရန် နှင့် ကျေးရွာသူ/သားများပူးပေါင်းပါဝင်မှုအားကောင်းလာစေရန် ရည်ရွယ်၍ သင်တန်း ပေးခြင်းဖြစ်ကြောင်း သိရှိရပါသည်။