ရေတစ်ခွက်ပြည့်ဖို့ ရေစက်ကလေးများပေါင်းစည်းစို့

 

(၁.၂.၂၀၁၈)ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်-ရှားတောမြို့နယ်လူထုဗဟိုပြု စီမံကိန်း(ဒုတိယနှစ်စက်ဝန်း)တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ပန်ကန်းကျေးရွာ အုပ်စု၊ မှုံပြာကျေးရွာခန်းမဆောင်တည်ဆောက်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းကြည့်ရှုခြင်းအား ပြည်နယ်စီမံကိန်းတာဝန်ခံ ဦးသန့်ဇော်လွင်၊ လွိုင်ကော်မြို့နယ်ဦးစီးမှူး ဒေါ်အိအိခင်၊ မြို့နယ်စီမံကိန်းတာဝန်ခံ ဦးတင်ကိုလတ်၊ မြို့နယ်နည်းပညာအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါ်နော်ဂျူးလစ်နှင့် အခြား DRD၊ TTA ၊ CF/TFများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့ပြီး ကျေးရွာကော်မတီများနှင့်တွေ့ဆုံကာ ယခုလုပ်ငန်းသည် လူထုလုပ်အားဖြင့်အကောင် အထည်ဖော်ဆောင်ရွက်သည့်လုပ်ငန်းဖြစ်သည့်အတွက်များစွာဝမ်းမြောက်မိကြောင်း၊ ယခုလို ကျေးရွာသူ/သားများကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်စေခြင်းမှာ လူထုများ၏ လုပ်ငန်းအရည်အသွေး စွမ်းဆောင်ရည်များမြှင့်တက်လာရန် ရည်ရွယ်ပါကြောင်း၊ ထိုသို့ ဆောင်ရွက်နေစဉ်ကာလတစ်လျှောက်လုံးတွင် မိမိတို့စီမံကိန်းဘက်မှလိုအပ်သည့် အရာမှန် သမျှဖြည့်ဆည်းကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သို့မှသာပြည်သူနှင့်အတူ လက်တွဲ၍ အောင်မြင်ပျော်ရွှင်သောလုပ်ငန်းတစ်ခုဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ပြည်နယ် စီမံကိန်းတာဝန်ခံ ဦးသန့်ဇော်လွင်မှအားပေးစကားပြောကြားခဲ့ပါသည်။