လူထုဗဟိုပြုစီမံကိန်း နည်းပညာစစ်ဆေးခြင်းဆိုင်ရာသင်တန်းဖွင့်ပွဲကျင်းပ

၆-၁၂-၂၀၁၇ နေပြည်တော်

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ လူထုဗဟိုုပြုစီမံကိန်း နည်းပညာစစ်ဆေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲအား (၆-၁၂-၂၀၁၇)ရက်နေ့ နံနက် (၉းဝ၀)နာရီအချိန်တွင်

ပျဉ်းမနားမြို့ မြောက်လွှတ်ကုန်းခန်းမတွင် ကျင်းပခဲ့ပါသည်။ အဆိုပါ အခမ်းအနားအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးမှ

အမှာစကားပြောကြား ၍ ဖွင့်လှစ်ခဲ့သည်။ သင်တန်းဖွင့်လှစ်ရခြင်း ၏ ရည်ရွယ်ချက်မှာ လူထုဗဟိုုပြုစီမံကိန်း လုပ်ငန်းခွဲများ အရည်အသွေးပိုမိုကောင်မွန်စေရန် အတွက်

အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများပြုလုပ်ရန်ဖြစ်သည်။ သင်တန်းကာလမှာ (၆-၁၂-၂၀၁၇)မှ (၈-၁၂-၂၀၁၇)အထိ ဖြစ်ပြီး သင်တန်းသား/သူများမှာ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အင်ဂျင်နီယာ (၃၂)ဦးတက်ရောက်မည်ဖြစ်ပါသည်။