ကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းလူထုစစ်ဆေးပွဲအခမ်းအနားကျင်းပ

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ဖေဖော်ဝါရီလ(၂၇)ရက် ချောင်းဆုံမြို့နယ် မုရစ်ကလေးကျေးရွာအုပ်စု၊ကုန်းကလေးကျေးရွာ ၌ လူထုဗဟိုပြု စီမံကိန်း စတုတ္ထနှစ်စက်ဝန်းတွင် အကောင်အထည်ဖော်သော (၉၂၀’x၁၀’x၆’) အတိုင်း အတာ ရှိကျေးရွာတွင်းကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းပြီးစီး၍ လူထုစစ်ဆေးပွဲ အခမ်း အနား ကို(၂၇.၂.၂၀၁၉)ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားသို့ ပြည်နယ် အဆင့်၊ မြို့နယ်အဆင့်စီမံကိန်းမှသက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာအဆင့်ကော်မတီဝင်များနှင့်ကျေးရွာသူ/သားများတက်ရောက်ခဲ့ကြပါသည်။ အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံကိန်းတာဝန်ခံမှအဖွင့်အမှာစကား ပြောကြား ခဲ့ပြီး လူထုစစ်ဆေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ လုပ်ငန်းဆောင်ရွက်ခဲ့ပုံများကို ကဏ္ဍအသီးသီးအလိုက် ရှင်းလင်းချက်များအား ကျေးရွာကော်မတီဝင်များမှ ရှင်းလင်း ပြောကြားခဲ့ပါသည်။ ထို့နောက်စီမံကိန်းလုပ်ငန်းနှင့် ရလာဒ်များအပေါ်စိတ်ကျေနပ်မှုရှိ၊ မရှိကိုမဲစနစ်ဖြင့်ဆောင်ရွက်ကာ မဲရလာဒ်များအားပြန်လည်ကြော်ငြာခဲ့ပြီး စီမံကိန်း အပေါ်အကြံပြုဆွေးနွေးမှုများကို လူထုစည်းရုံးရေးမှူးများနှင့် လက်ထောက် နည်းပညာမှူး များ ၏ဦးဆောင်မှုများဖြင့် တက်ရောက်လာကြသော ကော်မတီဝင်များ၊ ရွာသူ၊ရွာသားများမှ ဆွေးနွေးမှုများပြုလုပ်ကာ စည်းရုံးရေးမှူးဝန်ထမ်းများမှ ဆွေးနွေးချက်များအား ရှင်းလင်း ပြောကြားပေးခဲ့ကြ ကြောင်းသိရပါသည်။