ချောင်းဆုံမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသော အခမ်းအနားကျင်းပ

 

ချောင်းဆုံ၊၂၀၁၈ ခုနှစ် မတ်လ(၈)ရက်

            ၂၀၁၈ ခုနှစ် မတ်လ (၈) ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုကြိုဆိုသောအခမ်းအနားကို ချောင်းဆုံမြို့နယ် ကျွန်းသာယာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ချောင်းဆုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည် ဖော် ဆောင်ရွက်နေသည့် လူထုဗဟိုပြုစီမံကိန်းမှ ဦးဆောင်ကာ ဌာနဆိုင်ရာများ အဖွဲ့အစည်းများနှင့် ပူးပေါင်းကျင်းပခဲ့ပါသည်။ အခမ်းအနားကို အမျိုးသမီးများ၏ ဦးဆောင်မှုအခန်းကဏ္ဍ မြင့်မား စေရန် တွန်းအားပေးလုပ်ဆောင်နိုင်ရေး၊အမျိုးသမီးများ၏ ဦးဆောင်ပါဝင်ဆောင်ရွက်မှုတွင် အခြား မိတ်ဖက်အဖွဲ့အစည်းများမှသိရှိနားလည်ပြီး စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် ချိတ်ဆက်လုပ်ဆောင်မှု ပိုမိုအားကောင်းစေရန်နှင့် ကမ္ဘာ့အဝှမ်း အမျိုးသမီးအရေးလှုပ်ရှားမှုတွေကို အမျိုးသမီးအနေဖြင့် သိရှိနားလည်စေရေး ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရပါသည်။