မြေထိန်းနံရံနှင့် ကျောက်စီရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်း၏ လုပ်ငန်းစဉ်နှင့် ရလဒ်အား ကျေးရွာလူထုမှစစ်ဆေး

 

May 15, 2019.

    ထီးလင်းမြို့နယ်၊ နတ်အင်းကျေးရွာအုပ်စု၊ နတ်အင်းကျေးရွာတွင် စိုက်ပျိုးရေး မွေးမြူရေး နှင့် ဆည်မြောင်းဝန်းကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရှိ လူထုဗဟိုပြု စီမံကိန်းမှ တတိယနှစ် စီမံကိန်းစက်ဝန်းအတွက် ကျေးရွာလူထုကိုယ်တိုင် ရွေးချယ် ဖော်ထုတ်ထားသော အလျား(၁၅၆)ပေ၊ အထူ (၄) ပေ၊ အမြင့် (၁၄)ပေရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းနှင့် အလျား (၁၆၃)ပေ၊ အနက် (၁)ပေ၊ အကျယ် (၁)ပေရှိ ကျောက်စီရေမြောင်း တည်ဆောက်ခြင်း လုပ်ငန်းတို့မှာ အကောင်အထည်ဖော် ဆောင်ရွက်ပြီး ဖြစ်သောကြောင့် ယင်းလုပ်ငန်းခွဲ၏ အကျိုးရလဒ်နှင့် လုပ်ငန်းစဉ်အပေါ် ကျေးရွာလူထုမှ လူထုစစ်ဆေးပွဲပြုလုပ်သွားကြောင်း  သတင်းရရှိပါသည်။

       ယင်းအခမ်းအနားကို နတ်အင်းကျေးရွာစုရပ်ဆောင်တွင်  နံနက် (၇)နာရီကကျင်းပပြုလုပ်ရာ   ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး၊   လက်ထောက်နည်းပညာမှူး ဦးလွင်ကိုမှ လူထုစစ်ဆေးပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်၊ ကျေးရွာစီမံကိန်းအထောက်အကူပြု ကော်မတီဥက္ကဌ ဦးသန်းမြိုင်မှ   အကောင်အထည်ဖော်ရေးနှင့် ရလဒ်ကိုလည်းကောင်း၊ စောင့်ကြည့်ကြီးကြပ်ရေး ဆိုင်ရာကိစ္စရပ်များအား ကော်မတီဝင် ဦးအောင်ဇော်နိုင်က လည်းကောင်း၊ ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးသုံးစွဲမှုကို ဘဏ္ဍာရေးအဖွဲ့မှ ဦးအောင်မင်းမှလည်းကောင်း၊ ဝယ်ယူရေးအကြောင်းကို ဝယ်ယူအဖွဲ့မှဦးလင်းကိုမှ လည်းကောင်း၊ ဝေဖန်အကြံပြုနှင့် တိုင်ကြားဖြေရှင်းရေး အကြောင်းကို ဝေဖန်အကြံပြုတိုင်ကြားဖြေရှင်းရေး ကော်မီဝင် ဒေါ်ခင်ထားဝင်းမှ လည်းကောင်း၊ မဲပေးမည့် ပုံစံကို လူထုစည်းရုံးရေးမှူး ဒေါ်ခင်ဆွေအေးမှလည်းကောင်း ရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ကျေးရွာလူထုနှင့်ကော်မတီတို့မှ လုပ်ငန်းစဉ်နှင့် ရလဒ်ကိုမဲပေးစစ်ဆေးရာ   မြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ်အား မဲပေးရာ၊ တက်ရောက်သူ (၂၂၄)ဦးမှ အလွန်ကျေနပ် (၂၀၉)မဲ၊ ကျေနပ် (၁၅)မဲ နှင့် မကျေနပ် (၀)မဲ၊    မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်း၏  ရလဒ်ကို်မဲပေးရာတွင်၊ တက်ရောက်သူ (၂၂၄)ဦးမှ အလွန်ကျေနပ် (၂၁၉)မဲ၊ ကျေနပ် (၅)မဲ နှင့် မကျေနပ် (၀)မဲ၊ ရရှိပါသည်။

       ကျောက်စီရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်း၏ လုပ်ငန်းစဉ်အား မဲပေးရာ၊ တက်ရောက်သူ (၂၂၄)ဦးမှ အလွန်ကျေနပ် (၂၁၈)မဲ၊ ကျေနပ် (၆)မဲ နှင့် မကျေနပ် (၀)မဲ၊    ကျောက်စီရေမြောင်းတည်ဆောက်ခြင်း လုပ်ငန်း၏  ရလဒ်ကို်မဲပေးရာတွင်၊ တက်ရောက်သူ (၂၂၄)ဦးမှ အလွန်ကျေနပ် (၂၁၄)မဲ၊ ကျေနပ် (၈)မဲ နှင့် မကျေနပ် (၂)မဲ၊ ရရှိပါသည်။

         အဆိုပါလူထုစစ်ဆေးပွဲသည် ထီးလင်းမြို့နယ်တွင်    ကျေးရွာပေါင်း (၉၃)ရွာရှိ လုပ်ငန်းခွဲပေါင်း (၁၁၃)ခုအနက် လူထုဗဟိုပြစီမံကိန်းတတိယနှစ် စက်ဝန်းအတွက် အကြိမ်(၂၀)မြောက်ပြလုပ်သော လူထုစစ်ဆေးပွဲဖြစ်ပြီး နေ့လည် (၁၂)နာရီ တွင်ပြီးဆုံးကြောင်း   သတင်းရရှိပါသည်။

စိုးမိုးကျော်