လှိုင်းဘွဲမြို့နယ် လော်ကော်ကျေးရွာတွင် ရွာတွင်း ဂဝံမြေသားလမ်း ခင်းခြင်းလုပ်ငန်း အကောင်အထည် ဖော်ဆောင်ရွက်

NCDDP’s Village Street Construction in Law Kaw Village of Hlaingbwe Kicked Off

Kayin, 9 December 2020, Ministry of Information

လှိုင်းဘွဲ ဒီဇင်ဘာလ ၉

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ ​လော်​ကော်ကျေးရွာအုပ်စု ​​​လော်​ကော်ကျေးရွာ ရွာတွင်း ဂဝံ​မြေသားလမ်းခင်းခြင်း လုပ်ငန်းကို ​ဒီဇင်ဘာလ ပထမအပတ်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဂဝံ​မြေသားလမ်းသည် လူထုဗဟိုပြု စီမံကိန်းမှ​ ထောက်ပံ့​ငွေ (၂၅,၆၀၀,၀၀၀)ကျပ်ဖြင့် အ​ကောင် အထည်​ဖော်​ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၆၄၀၀ပေ x အကျယ် ၁၈ပေ x ထု ၁​ပေ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနနှင့်မြို့နယ်နည်းပညာအကြံ​ပေးအဖွဲ့တို့၏ စနစ် တကျလမ်းညွန်မှု၊ လက်​ထောက်နည်းပညာမှူး ဦးကျော်စွာဝင်း၊ လူထုစည်းရုံး​ရေးမှူး​​​​​စောဝင်းမင်း​အောင်တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ပူး​ပေါင်းပါဝင်မှုတို့ဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ခဲ့​ကြောင်း၊ လုပ်ငန်း ၁၀၀%ပြီးစီးပါက ​လော်​ကော်ကျေးရွာမှ အိမ်​ထောင်စု (၂၅၀)စု လူဦးရေ (၁၆၂၆)ဦးတို့၏ စီးပွား​ရေး၊ ကျန်းမာ​ရေး၊ ပညာ​ရေး၊ လူမှု​ရေး လုပ်ငန်းများအတွက် အဆင်​ပြေ​ချော​မွေ့စွာ သွား/လာနိုင်မည်ဖြစ်​ကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/23918