NCDDP’s Village Street Construction in Law Kaw Village of Hlaingbwe Kicked Off
Kayin, 9 December 2020, Ministry of Information
လှိုင်းဘွဲ ဒီဇင်ဘာလ ၉
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည်ဖေါ် ဆောင်ရွက်နေသော လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း)တွင် ပိုင်ကျုံမြို့နယ်ခွဲ လော်ကော်ကျေးရွာအုပ်စု လော်ကော်ကျေးရွာ ရွာတွင်း ဂဝံမြေသားလမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာလ ပထမအပတ်က စတင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဂဝံမြေသားလမ်းသည် လူထုဗဟိုပြု စီမံကိန်းမှ ထောက်ပံ့ငွေ (၂၅,၆၀၀,၀၀၀)ကျပ်ဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ပြီး (အရှည် ၆၄၀၀ပေ x အကျယ် ၁၈ပေ x ထု ၁ပေ) လုပ်ငန်းအား လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်မြို့နယ်နည်းပညာအကြံပေးအဖွဲ့တို့၏ စနစ် တကျလမ်းညွန်မှု၊ လက်ထောက်နည်းပညာမှူး ဦးကျော်စွာဝင်း၊ လူထုစည်းရုံးရေးမှူးစောဝင်းမင်းအောင်တို့၏ အနီးကပ်ကြီးကြပ်မှူနှင့် ပြည်သူလူထုတို့၏ပူးပေါင်းပါဝင်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်း ၁၀၀%ပြီးစီးပါက လော်ကော်ကျေးရွာမှ အိမ်ထောင်စု (၂၅၀)စု လူဦးရေ (၁၆၂၆)ဦးတို့၏ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စွာ သွား/လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)
#NCDDP, #DRD, #MOALI, #WorldBank
Credit – Ministry of Information