လူထုဗဟိုပြုစီမံကိန်းမှ တွန်းဇံမြို့နယ် ဆာလ်ဇန် ကျေးရွာတွင် မူလတန်းကျောင်းဆောင်သစ် တည်ဆောက်မှု ၈၅ ရာခိုင်နှုန်းပြီးစီး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထုဗဟိုပြု စီမံကိန်း (တတိယနှစ် စက်ဝန်း) အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ ဆာလ်ဇန်အုပ်စုမှာရှိတဲ့ ဆာလ်ဇန် ကျေးရွာမှာ စီမံကိန်း လုပ်ငန်းစဉ်တွေ အခြေအနေကို မြို့နယ် နည်းပညာ အကြံပေး ဦးဇော်ဝင်း၊ ပြည်နယ် အခြေခံအဆောက်အဦး ပိုင်းဆိုင်ရာ လက်ထောက် နည်းပညာမှူး ဒေါ်အိသန္တာစိုး နှင့် တာဝန်ကျ လက်ထောက် နည်းပညာမှူး ဒေါ်ကြူကြူမာ တို့ပါဝင်တဲ့ တာဝန်ရှိသူတွေ အဖွဲ့က ဩဂုတ်လ ၁၄ ရက်နေ့ မှာ ကျေးရွာကို ကွင်းဆင်း စစ်ဆေး ညှိနှိုင်း ခဲ့ပါတယ်။

 

စီမံကိန်း တာဝန်ရှိသူတွေ အဖွဲ့ဟာ ဆာလ်ဇန်ကျေးရွာမှာ ရှိတဲ့ အလျား၂၅ပေ အကျယ်၄၀ပေ အမြင့်၁၂ပေ၊ မူလတန်း ကျောင်းဆောင် တည်ဆောက်ခြင်းကို ကွင်းဆင်းစစ်ဆေးပြီး၊ လိုအပ်တာတွေ မှာကြားခဲ့ပါတယ်။

 

အဲဒီ မူလတန်းကျောင်းဆောင်ဟာ လူထု ဗဟိုပြု စီမံကိန်း ပံ့ပိုးငွေ ၁၂ ဒဿမ ၅ ကျပ်သန်းနဲ့ ဆောင်ရွက်နေတာ ဖြစ်ပြီး၊ ယခုအခါမှာတော့ လူထုစစ်ဆေးမှု့ ခံယူနိုင်ဖို့ လုပ်ငန်းဆောင်ရွက်မှု့ ၈၅ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်တယ်။

 

သတင်း - ဦးဇော်ဝင်း (CSAGS)