ညွန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် အဖွဲ့ ကျောက်တန်းမြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

Yangon, 3 August 2020, SkyNet Media Coverage

ရန်ကုန်တိုင်း ဒေသကြီး တောင်ပိုင်းခရိုင် ကျောက်တန်းမြို့နယ် အတွင်း လူထု ဗဟိုပြု စီမံကိန်း လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ သံတဲ ကျေးရွာနဲ့ ဇွဲကနာ ကျေးရွာတို့မှာ စီမံကိန်း ထောက်ပံ့ရန်ပုံငွေနဲ့ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဩဂုတ်လ ၁ ရက်နေ့မှာ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နဲ့ တာဝန်ရှိသူတွေ ကွင်းဆင်း စစ်ဆေးခဲ့ပါတယ်။

ညွှန်ကြားရေးမှူး ချုပ် ဦးခန့်ဇော် ရန်ကုန်တိုင်း ဒေသကြီး ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးကျော်လင်းသန်းနဲ့ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တာဝန်ရှိသူတွေဟာ ကျေးရွာ စီမံကိန်း အထောက်အကူပြု ကော်မတီ ဝင်တွေနဲ့ အတူ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေနဲ့ သံတဲ ကျေးရွာ ကျေးရွာတွင်း လမ်းခင်းတာနဲ့ ဇွဲကနာ ကျေးရွာ ကျေးရွာတွင်း ကွန်ကရစ်လမ်းခင်းတာ စာသင်ကျောင်း ကလေး ကစားကွင်း ပြုလုပ်ခြင်း လုပ်ငန်း အကောင်အထည် ပြီးစီးမှု အခြေအနေတွေကို ကြည့်ရှု့ခဲ့ပါတယ်။

ဆက်လက်ပြီးတော့ ဇွဲကနာ ကျေးရွာမှာ ကျေးရွာ စွန့်ပစ် အမှိုက် စီမံခန့်ခွဲမှု စနစ် ဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ကြည့်ရှု့ စစ်ဆေးပြီး လုပ်ငန်းတွေ ရေရှည်တည်တံ့ ခိုင်မြဲရေး ဝိုင်းဝန်း ဆောင်ရွက်သွားဖို့ ဆွေးနွေးမှာ ကြားပါတယ်။

သတင်း - သန်းလွင် (မကွေး)

Credit – SkyNet Media Coverage

#NCDDP, #DRD, #MOALI, #WorldBank