တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း ကျေးရွာ ဘက်စုံသုံး ခန်းမဆောင်လုပ်ငန်းအတွက် လူထု စစ်ဆေးပွဲကို ပြုလုပ်

Social Audit Conducted for Village Hall Construction in Mwar Kwae Village of Tongzang

Chin, 19 November 2020

 

ချင်းပြည်နယ် ဖလမ်းခရိုင် တွန်းဇံမြို့နယ် လူထု ဗဟိုပြု စီမံကိန်း တတိယနှစ် စက်ဝန်းမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တဲ့ တွီးတွမ်း ကျေးရွာ အုပ်စု မွာလ်ကွေးကျေးရွာ ဘက်စုံသုံး ခန်းမဆောင် တည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုကို နိုဝင်ဘာလ ၁၇ ရက်နေ့မှာ စီမံကိန်း နည်းပညာ အကြံပေး အဖွဲ့ဝင်တွေ တာဝန်ကျ လူထု စည်းရုံးရေးမှူးတွေနဲ့ လက်ထောက်နည်းပညာ မှူးတွေက ကျေးရွာ ကော်မတီဝင် လူထုတွေနဲ့ အတူ လူထု စစ်ဆေးပွဲကို ပြုလုပ်ခဲ့ပါတယ်။

တာဝန်ရှိသူတွေ အဖွဲ့ဟာ လူထု စစ်ဆေးပွဲနဲ့ ပတ်သတ်ပြီးတော့ လူထု ဗဟိုပြု စီမံကိန်း လုပ်ထုံးလုပ်နည်းတွေ အတိုင်း ဆောက်ရွက်ရမယ့် လမ်းညွှန်ချက်တွေကို ရှင်းလင်းကာ စီမံကိန်း လုပ်ငန်းခွဲ ဆောင်ရွက်မှု အတွင်း ကြုံတွေ့ရတဲ့ အခက်အခဲတွေ အောင်မြင်မှုနဲ့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြပြီးတော့ စီမံကိန်း လုပ်ငန်းခွဲတွေရဲ့ လုပ်ငန်းစဉ်နဲ့ ရလာဒ်အပေါ် ကျေးရွာ ကော်မတီဝင်တွေက မဲပေးတာ ကျေးရွာနေ ပြည်သူလူထုရဲ့ ဆန္ဒမဲ တွေကို တစ်အိမ်တက်ဆင်း ကောက်ခံခဲ့ကြပါတယ်။

အဲဒီ ဘက်စုံသုံး ခန်းမဆောင် ဆောက်လုပ်ခြင်းဟာ လူထု ဗဟိုပြု စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ၁၂ ဒသမ ၃၆ ကျပ်သန်း၊ လူထု ထည့်ဝင်ငွေ သုည ဒသမ ၅၄ သန်းနဲ့ ပြုလုပ်ခဲ့တာ ဖြစ်ပြီးတော့ ဇူလိုင်လ ၂၂ ရက်နေ့မှာ စတင် လုပ်ဆောင်ခဲ့ပြီး၊ အောက်တိုဘာလ ၁၉ ရက်နေ့မှာ ပြီးစီးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ဦးဇော်ဝင်း (CSAGS)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage