Rural Development Activities under Cash for Work Project in Tamu of Sagaing Completed 100 Percent
Sagaing, 28 September 2020, Ministry of Information
တမူး စက်တင်ဘာ၂၈
စစ်ကိုင်းတိုင်း ဒေသကြီး၊ တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း လူမှုစီးပွားဘဝ ထိခိုက်ဆုံးရှုံးမှုများလျော့ နည်းသက်သာ စေရန်နှင့် ဒေသခံပြည်သူများ ဝင်ငွေရှိစေရန် Cash For Work စီမံကိန်းဖြင့် မြို့နယ် အတွင်းရှိ ကျေးရွာ(၆) ရွာတို့တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရှိရသည်။
တမူးမြို့နယ်အတွင်းရှိ ကမ္မကြီးကျေးရွာ၊ နန်းမွန်းတားကျေးရွာ၊ ရေနန်းကျေးရွာ၊ ဖိုင်လင်း ကျေးရွာ၊ နန်းအောင်မော် ကျေးရွာနှင့် နောင်ကက်(ဟောင်း) ကျေးရွာတို့တွင် Cash For Work စီမံကိန်း ရန်ပုံငွေ တစ်ရွာလျင် သိန်း(၁၀၀)ဖြင့် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သည့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ငါးခု၊ ရေပြွန်(၄)စင်း တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ Box Culvert တည်ဆောက်ခြင်း လုပ်ငန်း နှစ်ခု၊ ကျောင်းခြံစည်းရိုး ကာရံခြင်း လုပ်ငန်း နှစ်ခု၊ ကျောင်းအားကစားကွင်း ပြုပြင်ခြင်း လုပ်ငန်း တစ်ခု၊မြောင်းကူး သစ်သား တံတား(၈)စင်း တည်ဆောက်ခြင်း လုပ်ငန်း တစ်ခု၊ ရွာတွင်းလမ်း ချောင်းသဲကျောက် ခင်းခြင်း လုပ်ငန်း တစ်ခု ၊ရေပိုက်လိုင်း သွယ်တန်းခြင်း လုပ်ငန်း တစ်ခု တို့ကို ဇူလိုင်လ စတုတ္ထပတ်မှ စတင် အကောင် အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံး ရာနှုန်းပြည့် ပြီးစီးသွားပြီ ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက် ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်နွယ်နွယ်ထွန်း ထံမှသိရှိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ Covid-19ရောဂါ အကျိုးဆက် သက်ရောက်ခြင်း ခံရသော ကျေးလက်ဒေသများရှိ ပြည်သူများအား လည်းကောင်းတို့ ကျေးရွာရှိ ကုန်ထုတ် လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံ ဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လည်းကောင်းတို့ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်
အားခငွေပေးချေ ခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာများတွင် အခြေခံ အဆောက်အဦးများ ဖွံ့ဖြိုး တိုးတက်စေရန် ရည်ရွယ်၍ အဆိုပါ စီမံကိန်းကို အကောင် အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း တမူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရှိရသည်။
ကျော်သူရ(တမူး)
စစ်ကိုင်းတိုင်းဒေသကြီး
https://www.moi.gov.mm/iprd/news/13320