မိုးကောင်းမြို့နယ် ကျေးရွာ (၅) ရွာတွင် Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနှင့် ကော်မတီများ ရွေးချယ်ခြင်း ဆောင်ရွက်

မိုးကောင်း ဇူလိုင် ၁၀

နိုင်ငံတော်ကချမှတ်ထားသော ကိုဗစ်ကာလစီးပွားရေး ကုစားမှုအစီအစဉ် Covid-19 Economic Relief Plan (ECRP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေလျော့နည်းလာမူနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက်ရည်ရွယ်ပြီးတော့ ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အောင်သာ ကျေးရွာ၊ မီးသွေးကုန်းကျေးရွာ၊ လွဲလောကျေးရွာ၊ ဖွေးဟော် ကျေးရွာနဲ့ အောင်ချမ်းသာကျေးရွာတွေမှာ ဇူလိုင်လ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့တွေမှာ Cash for Work စီမံကိန်း မိတ်ဆက်ခြင်းနဲ့ ကော်မတီဝင်များ ရွေးချယ်ခြင်းကိုတော့ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်း ဦးဆောင်ပြီးတော့ ဆောင်ရွက်လျက် ရှိရာ ကချင်ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယ ညွန်ကြားရေးမှူး ဦးကျော်လင်းအောင်က တက်ရောက်ခဲ့တယ် လို့လဲ သိရပါတယ်။

အခုလို Cash for Work စီမံကိန်း မိတ်ဆက်ရာမှာတော့ စီမံကိန်း ဆောင်ရွက်ရခြင်းရဲ့ အကျိုးကျေးဇူး၊ ကျေးရွာလူထု အတွက် စီမံကိန်း စက်ဝန်း၊ ငွေကြေး စီမံ ခန့်ခွဲမှု၊ စီမံကိန်း ကော်မတီ ဖွဲ့စည်းဆောင်ရွက်မှု၊ ဝယ်ယူရေး ဆောင်ရွက်မှု၊ စောင့်ကြည့် ကြီးကြပ်ခြင်းနဲ့ ဝေဖန် အကြံပြုခြင်းနဲ့ စီမံကိန်း လုပ်ငန်း ရွေးချယ်ခြင်းများကို ရှင်းလင်းခဲ့ပြီးတော့ ကျေးရွာ ကော်မတီဝင် ၉ ဦးအား မဲပေး ရွေးချယ်ခြင်းနှင့် စီမံကိန်း လုပ်ငန်းများကို ရွေးချယ်ခဲ့ကြပါတယ်။

အခုလိုဆောင်ရွက်ရာမှာတော့ အစည်းအဝေး တက်ရောက်သူများအား ဝန်ထမ်းများက ကိုယ် အပူချိန် တိုင်းတာခြင်း၊ Mask တပ်မလာသူများအား Mask များ ‌ဝေငှခြင်းနဲ့ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာ နေထိုင်စေပြီးတော့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်များအား အလေးထား လိုက်နာ ခဲ့ကြတယ် လို့လဲ သိရပါတယ်။

အဆိုပါ စီမံကိန်းဆောင်ရွက်ရန် အတွက် ကျေးရွာ တစ်ရွာကိုတော့ ငွေကျပ် သိန်း ၁၀၀ ထောက်ပံ့ရာမှာတော့ ပစ္စည်း ဝယ်ယူမှုက ၄၀ ရာခိုင်နှုန်းနဲ့ လုပ်အားခ အတွက် ၆၀ ရာခိုင်နှုန်း ဖြင့် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်းလာမှုကို ကုစားနိုင်ရေးအတွက် ဆောင်ရွက်ပေးသည့် စီမံကိန်း ဖြစ်တယ်လို့လဲ မြို့နယ် ဦးစီးမှူး ဒေါ်အေးအေးလင်းထံမှ သိရပါတယ်။

Credit - YTV