ရန်ကုန်တောင်ပိုင်း ခရိုင်အတွင်း လူမှုစီးပွားဘဝ တိုးတက်ရေး စီမံကိန်း လုပ်ငန်းများ ကိုဗစ်- ၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး

DRD’s Social and Economic Development Activities in Thanlyin Completed 100 Percent by following Covid-19 Preventive Measures

Yangon, 23 September 2020, Ministry of Information

သန်လျင် စက်တင်ဘာ ၂၃

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာန ကွပ်ကဲမှု အောက်ရှိ မြို့နယ် (၈) မြို့နယ်၌ လူမှုစီးပွားဘဝ တိုးတက်ရေးအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် လျာထား လုပ်ငန်းများနှင့် စီမံကိန်း လုပ်ငန်းများအား ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့် အညီ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး ခဲ့ကြောင်း ယနေ့ နံနက်ပိုင်းက ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ရန်ကုန် တောင်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်(၈)မြို့နယ် ကိုကိုးကျွန်း မြို့နယ် အပါအဝင် ကျေးရွာအုပ်စု (၃၅၃) အုပ်စု၊ ကျေးရွာပေါင်း (၉၆၃)ရွာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ပြည်ထောင်စု၊ တိုင်းဒေသကြီး ရန်ပုံငွေများဖြင့် တွင်းတိမ် ၂တွင်း၊ တွင်းနက် ၁၆ တွင်း၊ ရေသန့်စင်စနစ် ၄ ခု၊ သောက်သုံး ရေကန်များ ခြံစည်းရိုး ကာရံခြင်း၊ မြေသား ရေကန်အနက် တူးဖော်ခြင်းလုပ်ငန်း ၁၃၀ နှင့် ကျေးလက်ကုန်ထုတ် ဂဝံလမ်း ၈ လမ်း၊ Box Culvert ၁၃ စင်း၊ ကွန်ကရစ်တံတား ၁ စင်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကျေးရွာ (၁၀)တွင် အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်း၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ် ရေးဆွဲခြင်း(VDP)အား ကျေးရွာ(၇၄)ရွာတွင် အကောင်အထည် ဖော် ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသော ကျေးလက်ဒေသနေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးစေ ရန်အတွက် Cash For Work (CFW) စီမံကိန်းကျေးရွာ (၆၂) ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ကျေးလက်နေ လုပ်ကွက်ငယ်တောင်သူများ ထုတ်လုပ် ရောင်းချနေသူများ အား သွင်းအားစု အရင်းအနှီးများ ရရှိစေရန်အတွက် ကျေးရွာမတည်စီမံကိန်း (Village Revolving Fund Project (VRFP) ကို ကျေးရွာ (၅၀) တို့တွင် အကောင်အထည်ဖော် ဆောင်ရွက်ပြီးကြောင်း ရန်ကုန် တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူထံမှ သိရသည်။

သက်ခိုင် (သန်လျင်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/12474