မကွေးတိုင်း ဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးရွာ (၈) ရွာ၌ Cash for Work စီမံကိန်း ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်

ကံမ ဩဂုတ် ၁၁

 

မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျေးရွာ(၈)ရွာ၌ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကျေးရွာတစ်ရွာ လျှင် ငွေကျပ်သိန်းတစ်ရာ ထောက်ပံ့ပေးပြီး ကျေးရွာ ကုန်ထုတ်လုပ်မှုနှင့် အခြခံ အဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများကို လုပ်သားအင်အား အသုံးပြုရသည့် နည်းလမ်းဖြင့် ကျေးရွာ လူထု ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

 

Cash For Work စီမံကိန်း ဆောင်ရွက်နေသော ကျေးရွာများမှာ ထန်းလေးပင် ကျေးရွာ၊ ကရင်စု ကျေးရွာ၊ မင်းတဲ ကျေးရွာ၊ ကျွှဲခေါင်း ကျေးရွာ၊ ကျောင်းစ ုကျေးရွာ၊ မင်းပြင်သစ် ကျေးရွာ၊ မုန်းဒါးကြီး ကျေးရွာနှင့ ်ပြကြီး ကျေးရွာတို့ဖြစ်ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါ အကျိုးဆက် သက်ရောက် ခြင်းခံရသော ကျေးလက်ဒေသရှိ ပြည်သူများအား ၎င်းတို့ ကျေးရွာ၏ ဖွံ့ဖြိုးရေး လုပ်ငန်းများအား ကိုယ်တိုင် လုပ်ကိုင်စေပြီး လုပ်အားခငွေပေး ချေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ဝင်ငွေရရှိစေရန်နှင့် ကျေးရွာအခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးသူရရှိန်ထံမှ သိရသည်။

 

  • ကျော်ဇေယျဝင်း(ကံမ)

https://www.moi.gov.mm/iprd/news/3557