မိုးညိုမြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

Covid-19 Economic Relief Plan Activities in Monyo Township Completed

Bago, 29 September 2020, Ministry of Information

မိုးညို စက်တင်ဘာ ၂၉

ကိုဗစ်-၁၉ ကာလ စီးပွားရေး ကုစားမှု အစီအစဉ်(CERP)အရ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ အကောင်အထည် ဖော်ဆောင် ရွက်သည့် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေ စီမံကိန်း (VRFP) နှစ်ခုအား စက်တင်ဘာ ၁၅ ရက် နေ့တွင် ရာနှုန်းပြည့် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီး ကြောင်း မြို့နယ် ဦးစီးမှူး ဒေါ်ဇာဇာယမင်းထိုက် ထံမှ သိရသည်။

မိုးညိုမြို့နယ်တွင် Cash For Work စီမံကိန်း ရန်ပုံငွေဖြင့် ကျေးရွာတစ်ရွာလျှင် ငွေကျပ် သိန်း (၁၀၀)စီဖြင့် ကျေးရွာ(၉)ရွာတွင် လုပ်ငန်းခွဲ(၃၄)ခု အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။

ထို့အတူ ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း Type-1 ကျေးရွာ(၅)ရွာနှင့် Type-2 ကျေးရွာ(၃) ရွာတို့အတွက် ငွေကျပ် သိန်း(၂၁၀၀)ဖြင့် ကျေးလက်နေ ပြည်သူများအား စီမံကိန်းချေးငွေ ထုတ်ပေးနိုင်ခဲ့ရာ ယခုအချိန်၌ မိုးညိုမြို့နယ်တွင် Cash For Work စီမံကိန်းနှင့် ကျေးရွာ မတည်ရန်ပုံငွေ စီမံကိန်း (VRFP) တို့ဖြင့် အိမ်ခြေ(၂၇၄၁)၊ အိမ်ထောင်စု (၂၈၇၅)တို့အား အကျိုးပြု ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း သိရသည်။

ကိုမင်း(မိုးညို)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/13381