မိုင်းခတ်မြို့နယ် Cash for Work စီမံကိန်း ကျေးရွာ (၁၁) ရွာတွင် ဆောင်ရွက်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက် ဒေသ ဖွံ့ဖြိုး တိုးတက် ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေနဲ့ မိုင်းခတ်မြို့နယ် အတွင်းရှိ ကျေးရွာ (၁၁) ရွာမှာ အကောင် ထည်ဖေါ် ဆောင်ရွက် တဲ့ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးမှု အခြေနေကို ကျိုင်းတုံခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မှ ခရိုင်ဦးစီးမှူး ဦးကျုံးလျန်ဗွိုင်းမှ စက်တင်ဘာလ ၁၇ ရက်နေ့မှာ မြေပြင်ကွင်းဆင်း ကြည့်ရှုခဲ့ပါတယ်။

ကွင်းဆင်းကြည့်ရှုရာမှာ ခရိုင်ဦးစီးမှူးဟာ Cash for Work စီမံကိန်းနဲ့ ပတ်သတ်ပြီး မြို့နယ်အဆင့်နဲ့ ကျေးရွာအဆင့်မှာ ထားရှိရမည့် စာရင်းဇယားတွေ၊ ဝယ်ယူရေးပုံစံတွေ၊ ဘဏ္ဌာရေးပုံစံတွေကို စစ်ဆေးပြီး၊ လိုအပ်တာတွေကို တည့်မတ် ဆောင်ရွက်ပေးခဲ့ပါတယ်။

အဲဒီနောက် Cash for Work စီမံကိန်းနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးခဲ့တဲ့ အိုက်လန်းကောင်ကျေးရွာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းနဲ့ ယန်းမိုင်ကျေးရွာ စိမ့်စမ်းရေသွယ်ယူခြင်း လုပ်ငန်းတို့ကို မိုင်းခတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက တာဝန်ရှိသူတွေနဲ့ အတူ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရပါတယ်။

တင်အောင်မိုးမြင့်

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage