ရှမ်းရွာသစ် စက်တင်ဘာ ၁၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ ပိုးပလေကျေးရွာအုပ်စု ခလော့ဒေးကျေးရွာတွင် နိုင်ငံတော်မှ ချမှတ်ထားသော ကိုဗစ်-၁၉ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်နေ ပြည်သူများ ဝင်ငွေလျော့နည်း လာမှုနှင့် စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် ကျေးရွာတွင်း လမ်းပြုပြင်ခြင်း လုပ်ငန်းနှင့် လမ်းဘေးဝဲယာ ရေနှုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ဩဂုတ်လမှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ရာမှ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီးဖြစ်ကြောင်း သိရှိရသည်။
အဆိုပါစီမံကိန်းလုပ်ငန်းတွင် လမ်းဘေးဝဲယာ ရေနှုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အရှည်(၁)မိုင်၊ အကျယ်(၁၅)ပေရှိသော ကျေးရွာတွင်းလမ်းပြုပြင်ခြင်းလုပ်ငန်းကို ခွင့်ပြုငွေကျပ်(၁၀)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအချိန်တွင် (၉၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများ ပြီးစီးပါက ကျေးရွာနေပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး ယခင်ကထက် ပိုမိုဖွံ့ဖြိုးလာကာ မိသားစုများလည်း အပိုဝင်ငွေရရှိ၍ အဆင်ပြေကြကြောင်းကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးထံမှ သိရှိရသည်။
ဇင်လေး(ပြန်/ဆက်)
#CFW, #CERP, #DRD, #MOALI
Credit – Ministry of Information