မိုင်းဖြတ်၌ Cash for Work စီမံကိန်းလုပ်ငန်းဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိုင်းဖြတ် စက်တင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခြင်း ကြောင့် ကျေးလက်နေပြည်သူများ မိမိတို့ကိုယ်တိုင် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်၍ ဝင်ငွေရရှိစေရေးအတွက် Cash For Work စီမံကိန်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက် ရှိရာ အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များက ယမန်နေ့ နံနက် ၉ နာရီ အချိန်ခန့်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ထိုသို့ ကွင်းဆင်းကြည့်ရှု စစ်ဆေးရာတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလင်းဇော်ထွန်း၊ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကျောက်၊ တာချီလိတ်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းမြတ်သိန်း၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မေလွင်နှင့် ဦးစီးအရာရှိ (နည်းပညာ) ဒေါ်သီသီအောင်တို့က Cash For Work စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့် စီမံကိန်းထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် လမ်းအရှည် ပေ၃၀၀၀၊ အကျယ် ၁၂ပေရှိ မြေသားလမ်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် အဖွဲ့သည့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ Cash For Work စီမံကိန်း ထောက်ပံ့ငွေ ကျပ်သိန်း၁၀၀ဖြင့် လမ်းအရှည် ၆၀၀ ပေ၊ အကျယ် ၃ ပေ(၂လမ်းသွား)၊ ထု ၆ လက်မ ကွန်ကရစ်ခင်းခြင်း (Wheel Track) အမျိုးအစားဖြစ်ပြီး အဆိုပါလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သန်းထွန်းအေး(ပြန်/ဆက်)

#CFW, #CERP, #DRD, #MOALI

Credit – Ministry of Information

https://www.moi.gov.mm/iprd/news/10989