တပ်ကုန်းမြို့နယ် Cash for Work နှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း တို့၏ စာရင်းဇယားများ ပြုစုထားရှိမှု အား ကွင်းဆင်း စစ်ဆေး

Documentation for Cash for Work and Village Revolving Fund Projects in Tatkon Monitored by Respective Officials

Naypyitaw, 26 October 2020, SkyNet Media Coverage

 

ပြည်ထောင်စု နယ်မြေ နေပြည်တော် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စုစုကြည်နှင့် အဖွဲ့ဟာ အောက်တိုဘာလ ၂၃ ရက်နေ့က တပ်ကုန်းမြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် တပ်ကုန်းမြို့နယ် အတွင်း ဆောင်ရွက်ခဲ့တဲ့ Cash for Work စီမံကိန်း ကျေးရွာ ၃၁ ရွာနဲ့ ကျေးရွာ မတည် ရန်ပုံငွေ စီမံကိန်း (VRFP) ကျေးရွာ ၁၂ ရွာရဲ့ ငွေထုတ်ယူ သုံးစွဲမှု စာရင်း ဇယားတွေ ပြုစု ထားရှိမှု နဲ့ စပ်လျဉ်းပြီး မြို့နယ်မှ ကွင်းဆင်း စစ်ဆေး မှတ်တမ်းတွေ ပြည့်စုံမှု ရှိမရှိ၊ သက်ဆိုင်ရာ ငွေစာရင်းအလိုက် ငွေစာရင်း ပြုစု ထားရှိမှု ရှိမရှိ အခြေအနေတွေကို ဘဏ္ဍာရေး စည်းမျဉ်း စည်းကမ်းတွေနဲ့ အညီ စစ်ဆေး မှာကြားခဲ့ပါတယ်။

 

သတင်း - ဆက်ချစ် (ကျေးလက်)

#CFW, #NCDDP, #DRD, #MOALI, #WorldBank

Credit - SkyNet Media Coverage

https://youtu.be/0vr93Eiex0A