အောင်လံ မြို့နယ် မိုးဖုန်း ကျေးရွာမှာ Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်းစစ်ဆေး

မကွေးတိုင်း ဒေသကြီး သရက်ခရိုင် အောင်လံ မြို့နယ်အတွင်း Cash for Work စီမံကိန်းနဲ့ မိုးဖုန်း ကျေးရွာမှာ မြေနီ ကျောက်စရစ်လမ်းခင်းခြင်းနဲ့ ကျောက်စီ မြေကာ နံရံ လုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို ဩဂုတ်လ ၂၈ ရက်နေ့ မနက်ပိုင်းက အောင်လံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးအောင်ကြည်နဲ့ ဝန်ထမ်းများက ကျေးရွာ ကော်မတီဝင်များနှင့်အတူ ကွင်းဆင်း ကြီးကြပ်ပြီး၊ သတ်မှတ်အတိုင်းအတာ ပြည့်မှီခြင်း ရှိမရှိတို့ကို ကွင်းဆင်း စစ်ဆေးကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

 

အဆိုပါ လုပ်ငန်းများအား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရဲ့ Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီကို အသုံးပြုပြီး၊ Covid-19 ကပ်ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း ကျေးလက်နေ ပြည်သူများ အလုပ်အကိုင် ဝင်ငွေ ရရှိ စေရန် ရည်ရွယ်ပြီး လုပ်အားခ ပေးချေခြင်း စံနစ်နဲ့ ကျေးရွာ ပြည်သူများရဲ့ လုပ်အားဖြင့်သာ အကောင်အထည်ဖော် ဆောင်ရွက် ခြင်း ဖြစ်ပြီး၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ အောင်လံ မြို့နယ် အတွင်း Cash for Work စီမံကိန်းကို ကျေးရွာပေါင်း ၁၄ ရွာမှာ ကျေးရွာတွင်းလမ်း ပြုပြင်ခြင်း၊ ကျောက်စီ မြေကာ နံရံ တည်ဆောက်ခြင်း၊ မြေသားရေကန် ပြုပြင် တူးဖော်ခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါတယ်။

 

သတင်း - သူရိန် (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage