ပင်လောင်းမြို့နယ်အတွင်း Cash for Work စီမံကိန်းလုပ်ငန်း ကွင်းဆင်းစစ်ဆေး

ပင်လောင်း ဩဂုတ် ၂၅

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း Cash for Work စီမံကိန်းဖြင့် ကိုဗစ်-၁၉ ကာလအတွင်း ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ် ၊ မြောက်ထီဗွာကျေးရွာအုပ်စု တကူမို့ကျေးရွာအတွင်း လမ်းခင်းခြင်းလုပ်ငန်းအား ယနေ့နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကွင်းဆင်းစစ်ဆေးခဲ့သည်။

 

အဆိုပါလမ်းသည် အရှည်ပေ (၅၈၀၀)ရှိပြီး အကျယ်(၁၂)ပေ ထု(၉)လက်မဖြင့် မြေသားလမ်းဖို့ခြင်း၊ သဲဗြုန်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက ကျေးရွာအတွင်းရှိ အိမ်ခြေ(၆၆)အိမ်မှ လူဦးရေ(၂၉၂)ဦး အတွက် များစွာအကျိုးပြုမည်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကုန်ကျငွေကျပ်(၁၀)သန်း ဖြင့် ဖောက်လုပ်ပေးလျက်ရှိရာ လုပ်ငန်းများဆောင်ရွက်နေမှုကို လက်ထောက်ညွှန်ကြားရေးမှူး ဦးဇော်ဝင်းနှင့် ဦးစီးအရာရှိ ဦးနိုင်အောင်စိုးတို့က ကွင်းဆင်းစစ်ဆေး၍ ဘဏ္ဍာနှစ်မကုန်မီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ကျေးရွာမှ တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

 

မြို့နယ်ပြန်/ဆက်

https://www.moi.gov.mm/iprd/news/6696