မိုင်းယောင်းမြို့နယ် Cash for Work စီမံကိန်း ကျေးရွာ ၈ ရွာမှာ ဆောင်ရွက်ပြီးစီး

ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ် ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကိုဗစ် ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (CERP) အရ ကျေးလက်နေ မိသားစုဝင်များ ဝင်ငွေ လျော့နည်း လာမှုကို ကုစားပေးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိတဲ့ Cash for Work စီမံကိန်းနဲ့ မုန်းလိုက် ကျေးရွာအုပ်စု မိုင်းခွန် ကျေးရွာမှာ ရွာတွင်း ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်း ဆောင်ရွက် ပြီးစီးမှု အခြေအနေကို မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ မြို့နယ် ဦးစီးမှူး ဦးစိုင်းနောင်မိုင်းနဲ့ ဝန်ထမ်းများက ကွင်းဆင်း စစ်ဆေး ကြည့် ရှု့ ပြီးတော့ ကျေးရွာ ကော်မတီဝင်များနဲ့ တွေ့ဆုံကာ စီမံကိန်း လုပ်ငန်းများ ရေရှည်တည်တံ့စေရန် စဉ်ဆက်မပြတ် ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြစေရန် အကြံပြု ဆွေးနွေးမှာကြားခဲ့ကြောင်း သိရပါတယ်။

 

မိုင်းယောင်းမြို့နယ်မှာ ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ Cash for Work စီမံကိန်းကို ကျေးရွာ ၈ ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး၊ စီမံကိန်း လုပ်ငန်းများအားလုံး ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီလို့ မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးစိုင်းလောင်မိုင်းထံကနေ သိရပါတယ်။

 

သတင်း - မောင်ခိုင် (ကျေးသီး)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage