လှိုင်းဘွဲမြို့နယ် ရွှေအိပ်ကျေးရွာ ခန်းမဆောင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီး

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီနဲ့ အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ လူထုဗဟိုပြု စီမံကိန်း (ဒုတိယနှစ် စက်ဝန်း) မှာ ပိုင်ကျုံမြို့နယ်ခွဲ တာကရား ကျေးရွာအုပ်စု ရွှေအိပ် (ထီးဝါးခို) ကျေးရွာ ကျေးရွာ ခန်းမဆောင် ရာနှုန်းပြည့် ပြီးစီပြီ ဖြစ်ပါတယ်။

 

ကျေးရွာခန်းမဆောင် ကို ၂၀၂၀ခုနှစ် ဇွန်လ ၁ ရက်နေ့မှာ စတင်အကောင်အထည်ဖာ် ဆောင်ရွက်ခဲ့ပြီး၊ သြဂုတ်လ ၁၉ ရက်နေ့မှာ ပြီးစီးခဲ့တာပါ။

 

အဲဒီ ကျေးရွာ ခန်းမဆောင်ကို လူထုဗဟိုပြုစီမံကိန်းမှ လက်ထောက် နည်းပညာမှူး၊ လူထု စည်းရုံးရေးမှူးတို့မှ အနီးကပ် ကြီးကြပ်ပြီး၊ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးမှူး ဦးစောအောင်မျိုးမြင့်၊ ပြည်နယ် အင်ဂျင်နီယာ အကြံပေးနှင့် မြို့နယ်နည်းပညာ အကြံပေးအဖွဲ့တို့ရဲ့ စနစ်တကျ လမ်းညွှန်မှုတွေနဲ့ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါတယ်။

 

ခင်စန်းမြင့်(ပြန်/ဆက်)

#NCDDP, #DRD, #MOALI, #WorldBank

Credit- SkyNet Media Coverage