ရွှေကူ မြို့နယ်မှာ Covid-19 ရောဂါ အသိပညာပေး ပို့စတာနဲ့ လက်ကမ်း စာစောင်များ ဖြန့်ဝေ

ကချင်ပြည်နယ် ရွှေကူ မြို့နယ်မှာ ကျေးရွာများ အရောက် Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်း စာစောင်များ ဖြန့်ဝေခြင်းကို မကြာမီက ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

 

Unicef က ပံ့ပိုး လှူဒါန်းသော Covid-19 ရောဂါ ကာကွယ် ထိန်းချုပ်ရေး အသိပညာပေး ပို့စတာနဲ့ လက်ကမ်း စာစောင်များကို ရွှေကူ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ဆောင်ရွက်လျက် ရှိတဲ့ လူထု ဗဟိုပြု စီမံကိန်း ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၈၆ ရွာကို ပေးအပ်ခဲ့ရာ သက်ဆိုင်ရာ ကျေးရွာ တာဝန်ရှိသူများက လက်ခံ ရယူ ကြပါတယ်။

 

အဆိုပါ အသိပညာပေး ပို့စတာနဲ့ လက်ကမ်း စာစောင်များကို ကျေးရွာနေ ပြည်သူများ ကြည့်ရှု့ လိုက်နာရန် အတွက် ကျေးရွာ အတွင်း ရှိ လူစည်ကားရာ နေရာများမှာ ပြသ ထားရှိကြောင်း သိရပါတယ်။

 

သတင်း - မင်းမြင့်မိုရ်

Credit – SkyNet Media Coverage

#DRD #NCDDP #MOALI #WorldBank, #Unicef