CFW စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး

မောက်မယ် သြဂုတ် ၁၇

 

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီး ဌာနမှ CFW စီမံကိန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများအား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းငေါင်းဆိုင်ဟိန်း ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်ဟန်သိန်းဦးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရတို့က ယမန်နေ့ နေ့လယ် ၂ နာရီက ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့သည်။

 

အဆိုပါ ကွင်းဆင်း စစ်ဆေးရာတွင် ကိုရိုနာဗိုင်ရပ်ကူးစက်ရောဂါ ကာလအတွင်း ကျေးလက်ဒေသရှိ ပြည်သူ အနေများဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေ၍ လုပ်အားခ ထောက်ပံ့ပေးခြင်း အားဖြင့် ကျေးလက်နေပြည်သူများ၏ ဝင်ငွေရရှိစေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်လျက် ရှိသော ဟိုလွိုင် ကျေးရွာအုပ်စု ၊ ကျောင်းခမ်းကျေးရွာနှင့် ဟိုနမ့်ကျေးရွာအုပ်စု ထီဝါဖော့ကျေးရွာတို့မှ လမ်းပြုပြင်ခြင်း လုပ်ငန်း များကို ကွင်းဆင်း ကြည့်ရှု့စစ်ဆေးကြကာ စံချိန်စံညွှန်များအညီ ဆောင်ရွက်သွားနိုင်ရေးနှင့် ကျေးလက် လူထုများအတွက် အမှန်တကယ်အကျိုးရရှိစေရန် ကော်မတီဝင်များနှင့် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်ချက်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

 

စိုင်းမျိုးသန့်

#CERP, #CFW, #DRD, #MOALI

Credit- Ministry of Information

https://www.moi.gov.mm/iprd/news/4897