အောင်လံ မြို့နယ် ကျေးရွာ ၁၄ ရွာမှာ Cash for Work စီမံကိန်း လုပ်ငန်များ ဆောင်ရွက်ပြီးစီး

Cash for Work စီမံကိန်းနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မှာ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင် အောင်လံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာ ၁၄ ရွာ ဆောင်ရွက် လျက် ရှိရာမှာ ကျေးရွာ ၁၄ ရွာလုံး လုပ်ငန်းတွေ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ပြီး၊ အဲဒီကျေးရွာတွေမှာ တယ်ပင် ကျေးရွာ အုပ်စု ဖိုကိုးလုံး ကျေးရွာမှာ မြေသား ရေကန် တူးဖော်ခြင်း လုပ်ငန်းနဲ့ ကျေးရွာ အဝင် မြေနီ ကျောက်စရစ်ခင်းခြင်း လုပ်ငန်း၊ ၁၀၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို သရက်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ဦးစီးအရာရှိ နည်းပညာ ဦးကျော်ကျော်၊ အောင်လံ မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကြီးနဲ့အဖွဲ့ဝင်တွေက စက်တင်ဘာလ ၁၁ ရက်နေ့မှာ ကွင်းဆင်း စစ်ဆေး ခဲ့ပါတယ်။

 

အောင်လံမြို့နယ်က ကျေးရွာ ၁၄ ရွာမှာ ကျေးရွာ တစ်ရွာချင်းစီကို Cash for Work စီမံကိန်း ရန်ပုံငွေ ကျပ် သိန်း ၁၀၀ စီ ထောက်ပံ့ ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

 

သတင်း - ရည်ရည်မြ (ကျေးလက်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage