သံတောင်ကြီး မြို့နယ်တွင် (CFW) စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ (၉) ရွာနှင့် (VRFP) စီမံကိန်း ဆောင်ရွက်မည့် ကျေးရွာ (၇) ရွာတို့အား ကျေးရွာမတည် ရန်ပုံငွေများ ထုတ်ပေး

သံတောင်ကြီး သြဂုတ် ၇

 

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာမတည်ရန်ပုံငွေ (VRFP) နှင့် (CFW) စီမံကိန်းများအတွက် ငွေထုတ်ပေးခြင်းကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်း က နိုင်ငံတော်မှ ကိုဗစ် - ၁၉ ကာလ စီးပွားရေးကုစားအစီအစဉ်အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေနည်းပါးလာမှုနှင့် စားဝတ်နေရေးအခက်အခဲများကို ကုစားပေးနိုင်ရန်အတွက် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) နှင့် (CFW) စီမံကိန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်ပေးခဲ့ကြောင်း ပြောကြားသွားသည်။

 

ဆက်လက်၍ သံတောင်ကြီးမြို့နယ်တွင် (VRFP) စီမံကိန်းအတွက် သူဌေးကုန်းကျေးရွာကို ကျပ်သိန်း (၂၀၀)၊ မဲကတုန်းကျေးရွာကို ကျပ်သိန်း (၁၀၀)၊ ကျမိုင်းကျေးရွာကို ကျပ်သိန်း (၂၀၀)၊ သစ်ခေါင်းကျေးရွာကို ကျပ်သိန်း (၂၀၀)၊ ကျေးမင်းအောက်ကျေးရွာကို ကျပ်သိန်း (၁၀၀)၊ ငှက်ပျောတောအောက်ကျေးရွာကို ကျပ်သိန်း (၃၀၀)၊ ဖာတီမာကုန်းကျေးရွာကို ငွေကျပ်သိန်း (၁၀၀) နှင့် (CFW) စီမံကိန်းဆောင်ရွက်မည့် ဆူးပုတ်မြောင်ကျေးရွာ၊ ကသွီးဒီးရွာသစ်ကျေးရွာ၊ ကျေးကတော့အထက်ကျေးရွာ၊ မင်းလမ်းတောင်ကျေးရွာ၊ သာမိတိုက်ကျေးရွာ၊ ထီးသာစောကျေးရွာ၊ ချောင်းမငယ်ကျေးရွာ၊ ကဌေးကျေးရွာ၊ ကလေခိုအောက်ကျေးရွာများကို တစ်ရွာလျှင် ကျပ်သိန်း (၁၀၀) စီပေးအပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်(ပြန်/ဆက်)

#CERP, #CFW, #DRD, #MOALI

https://www.moi.gov.mm/iprd/news/3097