ပုဗ္ဗသီရိမြို့နယ်တွင် Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

ပုဗ္ဗသီရိ ဇူလိုင် ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ Cash For Work စီမံကိန်းတွင် ပါဝင်သည့်ကျေးရွာ(၁၂)ရွာအနက် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ကုန်းကျေးရွာ၌ ဆောင်ရွက်လျက်ရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့မွန်းလွဲပိုင်းက တာဝန်ရှိသူတို့က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထို့သိုကွင်းဆင်းစစ်ဆေးရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူး ဒေါ်မီမီထွေး၊ နေပြည်တော်တိုင်း ဦးစီးမှူး ဦးဌေးဝင်း၊ ဥတ္တရခရိုင် ဦးစီးမှူး ဦးလှထွေးနှင့် တာဝန်ရှိသူတို့က ဖြုတ်ကုန်းကျေးရွာ၌ Cash For Work စီမံကိန်းဖြင့် ဆောင်ရွက်လျက်ရှိသော ရွာအဝင်လမ်းရိစာခင်းခြင်း၊ ကျေးရွာကုန်ထုတ်လမ်းရိစာခင်းခြင်းနှင့် ရေနုတ်မြောင်း တူးဖော်ခြင်း လုပ်ငန်းများအား ကြည့်ရူစစ်ဆေးခဲ့ရာ မြို့နယ်ဦးစီးမှူးဦးနိုင်မင်းဆွေနှင့် ကျေးရွာစီမံကိန်း ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ပြီး ညွှန်ကြားရေးမှူးချုပ်နှင့်တာဝန်ရှိသူ တို့က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

Cash For Work စီမံကိန်းကို ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ ကျေးရွာ (၁၂) ရွာတို့တွင် အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဖြုတ်ကုန်းကျေးရွာတွင် လမ်းရိစာခင်း ခြင်းလုပ်ငန်း(၇)ခု၊ ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ ရေထုတ်ပြွန်တပ်ဆင်ခြင်း လုပ်ငန်းတစ်ခု၊ ခြုံရှင်းခြင်းလုပ်ငန်းလေးခု၊ ကျေးရွာတွင်းသစ်ပင်စိုက်ခြင်းလုပ်ငန်းတစ်ခု စုစုပေါင်း လုပ်ငန်း(၁၅)ခု ကိုဆောင်ရွက်သွားမည်ဖြစ်သည်။

အဆိုပါ Cash for Work စီမံကိန်းကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ အကျိုးဆက် သက်ရောက်ခြင်းခံရသည့် ကျေးလက်ဒေသများရှိ ကျေးလက်နေ‌ပြည်သူ များအား ၎င်းတို့ကျေးရွာ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခ ငွေပေးချေခြင်းဖြင့် ဝင်ငွေရရှိစေရန်နှင့် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ကံချွန်(ပြန်/ဆက်)

https://www.moi.gov.mm/iprd/?q=news/%E1%80%95%E1%80%BC%E1%80%8A%E1%80%BA%E1%80%90%E1%80%BD%E1%80%84%E1%80%BA%E1%80%B8%E1%80%9E%E1%80%90%E1%80%84%E1%80%BA%E1%80%B8%E1%80%90%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%B8%E1%80%92%E1%80%B1%E1%80%9E%E1%80%80%E1%80%BC%E1%80%AE%E1%80%B8/29/07/2020/id-25538