ဝန်းသိုမြို့နယ် Cash for Work စီမံကိန်းလုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်း ဒေသကြီး ဝန်းသိုမြို့နယ် ကျောက်တိုင်ကျေးရွာမှာ CERP အစီအစဉ်အရ Cash for Work စီမံကိန်း လုပ်ငန်းခွဲတွေ ဆောင်ရွက်ထားရှိမှုကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးမြတ်မျိုးထွန်း၊ စီမံကိန်း တာဝန်ခံ ဒေါ်အိမွန်ဟိန်းနဲ့ တာဝန်ရှိသူတွေဟာ စက်တင်ဘာ ၇ ရက် ညနေ ပိုင်းက ကွင်းဆင်း စစ်ဆေးကြပါတယ်။

အဲ တာဝန်ရှိသူတွေဟာ စီမံကိန်း လုပ်ငန်း ခွဲတွေ ဖြစ်တဲ့ ကွန်ကရစ် တံတား (၂) စင်း၊ ရေနုတ်မြောင်း၊ ရွာတွင်းလမ်း အားလုံး ကျောက်ရောမြေခင်းခြင်းတို့ကို ကွင်းဆင်း စစ်ဆေးကြပြီး၊ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် သတ်မှတ် ကာလအတွင်းမှာ အချိန်မှီ ပြီးစီးရေးကို မှာကြားပါတယ်။

အလားတူ ဗန်းမောက်မြို့နယ်က နန်းညှင်း ကျေးရွာမှာ CERP အစီအစဉ်အရ Cash for Work စီမံကိန်း လုပ်ငန်းခွဲ တွေ ဆောင်ရွက်ထားရှိမှုကို မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးကျော်နိုင်နဲ့ ဝန်ထမ်းတွေဟာ သတ်မှတ် စံချိန် စံညွှန်းအတိုင်း အရည်အသွေး ပြည့်မှီမှု ရှိမရှိ တိုင်းတာ စစ်ဆေးကြတယ်လို့ သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါးဇွန်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage

https://youtu.be/keOb1HkNMPA