ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်းဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Covid-19 Economic Relief Plan (CERP) အရ ဖလမ်းမြို့နယ် အတွင်း Cash for Work စီမံကိန်း လုပ်ငန်း ဆောင်ရွက်နေမှုကို ဇူလိုင်လ ၂၃ ရက်နေ့ မနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရှိရပါတယ်။

Covid-19 Economic Relief Plan (CERP) အရ ဖလမ်းမြို့နယ် အတွင်း ဆောင်ရွက်တဲ့ Cash for Work စီမံကိန်းကို Pilot Project အဖြစ် တာရွှန်းကျေးရွာမှာ ဆောင်ရွက်လျက်ရှိ ကြောင်း အခု ဆောင်ရွက်နေတဲ့ Cash for Work စီမံကိန်းဟာ ကိုဗစ် ၁၉ ကာလအတွင်း စီးပွားရေး ထိခိုက်မှု ကုစားရေး အစီအစဉ်အဖြစ် ကျေးလက်နေ ပြည်သူများ ဝင်ငွေ လျော့ပါး လာမှုကြောင့် မိသားစု ဝင်ငွေ ရရှိရေးအတွက် ဆောင်ရွက်ခြင်း ဖြစ်ပြီး၊ ရပ်ရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးရွာ လူထုက ရွေးချယ်ပြီး၊ ယင်းလုပ်ငန်းကို မိမိ လုပ်အား အရင်းအမြစ် ဖြင့် ဆောင်ရွက်ကာ ချက်ချင်း ဝင်ငွေ ရရှိမယ့် စီမံကိန်း ဖြစ်ကြောင်း၊ စီမံကိန်းမှာ ရေရှည်ဆောင်ရွက်ရမယ့် စီမံကိန်း မဟုတ်ပဲ ၂ လ၊ ၃ လ အတွင်း အပြီးဆောင်ရွက်ရန် ဖြစ်ပြီး၊ လုပ်ငန်း အချိန်မီ ပြီးစီးရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိသူများက အနီးကပ် ကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း ဖလမ်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူးရဲ့ ပြောကြားချက်အရ သိရပါတယ်။

https://www.mrtv.gov.mm/mm/news-82203