COVID-19 ကာလ စီးပွားရေးကုစားပေးမှု အစီအစဉ်များဖြစ်တဲ့ Cash For Work စီမံကိန်းနဲ့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း(VRFP) လုပ်ငန်းစဉ်များ ချောင်းဦးမြို့နယ်တွင်စတင်.........

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ကျေးလက်နေ ပြည်သူတွေရဲ့လူမှုစီးပွား ဘဝများ မြင့်မားလာစေဖို့အတွက် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းတွေကို နှစ်တို၊ နှစ်ရှည် စီမံကိန်းများ ချမှတ်ထားရှိကာ အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာမှာ လတ်တလောကာလအတွင်း မှာဆိုရင်လည်း နိုင်ငံတော်က ချမှတ်ထားတဲ့ ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် (COVID-19 Economic Relief Plan /CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများအပေါ် ကုစားပေးနိုင်ဖို့ ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) နဲ့ Cash For Work စီမံကိန်းတွေကို စတင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

ချောင်းဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်းမှာ မြို့နယ်အတွင်းက ကျေးရွာတွေကို Cash For Work စီမံကိန်းဝင်ကျေးရွာများအဖြစ် ကျေးရွာပေါင်း(၆)ရွာမှာ အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ ခွင့်ပြုချက်ရရှိပြီးဖြစ်လို့ အဆိုပါ စီမံကိန်းအကြောင်း မိတ်ဆက် ရှင်းလင်းခြင်းနဲ့ ကျေးရွာကော်မတီ ဖွဲ့စည်းခြင်းတွေ ဆောင်ရွက်ခဲ့ပြီး ဖြစ်ကြောင်းလည်းသိရပါတယ်။

"ကျေးရွာကော်မတီတွေ ဖွဲ့စည်းပေးပြီးပြီဆိုတော့ ကော်မတီ အဖွဲ့ဝင်တွေကို သင်တန်းပေးဖို့နဲ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ရွေးချယ်ပေးဖို့ ကိုဆက်လက် ဆောင်ရွက်ပေး သွားရဦးမှာဖြစ်ပါတယ်၊ Cash For Work စီမံကိန်းအရ COVID-19 ကာလ အတွင်းမှာ ကျေးရွာတွေက နေ့စား အလုပ်သမားတွေရဲ့ စားဝတ်နေရေးကို အထောက်အကူဖြစ်စေဖို့ ကျေးရွာတွေကို စီမံကိန်းရန်ပုံငွေတွေ ချထားပေး မှာဖြစ်ပါတယ်၊ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ကြတဲ့အခါမှာ လုပ်အားခကို(၆၀)ထိ သုံးစွဲခွင့်ရမှာဖြစ်လို့ ကျေးရွာအတွင်း အမှန်တကယ်လုပ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် စီ မံကိန်းပဲ ဖြစ်ပါတယ်၊ ဘဏ္ဍာရေးနှစ်မကုန်ခင် အတွင်း လုပ်ငန်းအားလုံး အပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ် " လို့ ချောင်းဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်ဦးစီးမှူး ‌ဒေါ်ခင်စိုးဝင်းက ပြောကြားပေးလာပါတယ်။

ကျေးရွာမတည်ရန်ပုံငွေ (Village Revolving Fund Project/VRFP) စီမံကိန်း ဆိုတာကတော့ ကျေးလက်ဒေသတွေအတွက် COVID-19 ကာလအတွင်း စီးပွားရေးကုစားမှု အထောက်အကူဖြစ်စေဖို့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ တပိုင်တနိုင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းရှင်တွေအပေါ် ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းအဖြစ် Type 1၊ Type 2၊Type 3 ဆိုပြီး ရွေးချယ်ဆောင်ရွက်ပေးမယ့် စီမံကိန်းဖြစ်သလို Type 1အနေနဲ့ စီမံကိန်းရန်ပုံငွေကျပ်သိန်း(၃၀၀)၊ Type 2အနေနဲ့ စီမံကိန်း ရန်ပုံငွေကျပ်သိန်း(၂၀၀)နဲ့ Type 3မှာတော့ စီမံကိန်း ရန်ပုံငွေ ကျပ်သိန်း(၁၀၀) ဆိုပြီး မတည်ရန်ပုံငွေတစ်ရပ်ဆီ ချမှတ် ထူထောင် ဆောင်ရွက်ပေးသွားမယ့် စီမံကိန်း တစ်ရပ်လည်း ဖြစ်ကြောင်းသိရပါတယ်။

"ကျမတို့မြို့နယ် အတွင်းကတော့ Type 1 အနေနဲ့ကျေးရွာ(၄)ရွာ၊ Type 2အနေနဲ့ ကျေးရွာ(၁)ရွာနဲ့ Type 3 အနေနဲ့ ကျေးရွာ(၁)ရွာ ၊ စုစုပေါင်းကျေးရွာ (၆)ရွာကို ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်၊ ဒါကြောင့် ဒီကျေးရွာ(၆)ရွာကို စီမံကိန်းအကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနဲ့ ကျေးရွာကော်မတီ ဖွဲ့စည်းပေးခြင်းတွေ ဆောင်ရွက်ပေးပြီး လည်းဖြစ်ပါတယ်၊ စောစောကပြောခဲ့ပြီးသလိုပဲ ကော်မတီဝင်တွေကို သင်တန်းပေး တာတွေ၊ ချေးငွေ အဆိုပြု လျှောက်လွှာ ခေါ်ယူတာတွေ၊ ချေးငွေ ထုတ်ချေးပေး တာတွေ ကို တော့ ဆက်လက်ဆောင်ရွက်ပေး သွားရမှာ ဖြစ်ပါတယ်၊ ဒါကြောင့် လက်ရှိမှာတော့ စီမံကိန်းတွေကို စတင်အကောင်ထည်ဖော် ဆောင်ရွက်နေပြီဖြစ်သလို သတ်မှတ်ကာလအတွင်းလည်း ပြီးမြောက်အောင် ဆောင်ရွက်ပေးသွားမှာ လည်းဖြစ်ပါတယ် " လို့ချောင်းဦးမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခင်စိုးဝင်း က ထပ်မံဖြည့်စွက် ပြန်ကြား ပေးထားပါတယ်။

သတင်း/ဓါတ်ပုံ၊...ခိုင်ခိုင် (ချောင်းဦးကျေးလက်)

#CERP

#CFW

#DRD

#MOALI

https://web.facebook.com/skynetutd/posts/1546124842258897