ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်း နဲ့အဖွဲ့ တီးတိန်မြို့နယ်အတွင်း Cash for Work စီမံကိန်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေး

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ရုံးချုပ် ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက ဩဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက ချင်းပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ပြည်နယ် ဦးစီးမှူးနဲ့ အတူ တီးတိန်မြို့နယ် ဆွောင်းဇန် ကျေးရွာကို ရောက်ရှိပြီး၊ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်တဲ့ လမ်းတာချဲ့ခြင်း၊ လမ်းသစ် ဖောက်လုပ်ခြင်းနဲ့ လမ်းဘေး ရေမြောင်း တူးဖော်ခြင်းလုပ်ငန်းကို ကြည့်ရှု့ စစ်ဆေးခဲ့ပါတယ်။

အဲဒီနောက် ဆွောင်းဇန်ကျေးရွာမှာ ကျေးရွာ ကော်မတီဝင်များ ကျေးရွာ လူထုနဲ့ တွေ့ဆုံပြီး၊ တင်ပြချက်များ အပေါ် ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါတယ်။

အဆိုပါ စီမံကိန်းက ကျေးရွာ လူထုရဲ့ စားဝတ်နေရေးအတွက် များစွာ အထောက်အကူ ဖြစ်ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးထံကနေ သိရပါတယ်။

အလားတူ ဩဂုတ်လ ၂၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးစိုးသန်းနဲ့ တာဝန်ရှိသူများက ပြင်ဦးလွင် ခရိုင် မိုးကုတ်မြို့နယ်အတွင်းရှိ ရေနီမြောက် ကျေးရွာမှာ Cash for Work စီမံကိန်းနဲ့ ဆောင်ရွက်နေတဲ့ ရေနုတ်မြောင်းတူးခြင်းနဲ့ လမ်းပြုပြင် ကျောက်စရစ်ခင်းခြင်းလုပ်ငန်းများနဲ့ ရေနီတောင် ကျေးရွာမှာ ဆောင်ရွက်နေတဲ့ ရေနုတ်မြောင်းတူးခြင်းနဲ့ လမ်းပြုပြင် ကျောက်စရစ်တူးခြင်း လုပ်ငန်းများကို ကြည့်ရှု့ စစ်ဆေးခဲ့ကြပါတယ်။

အဲဒီနောက် နန်းနွဲ့ကျေးရွာမှာ ဆောင်ရွက်နေတဲ့ ကျေးရွာ ရန်ပုံငွေ စီမံကိန်း VRFP စီမံကိန်း လုပ်ငန်းများကိုပါ တစ်ဆက်တည်း စစ်ဆေးခဲ့ကြောင်း သိရပါတယ်။

သတင်း - မင်းမြင့်မိုရ် (ငါန်းဇွန်)

#CFW, #CERP, #DRD, #MOALI

Credit- SkyNet Media Coverage