စဉ့်ကိုင်မြိုနယ် Cash for Work စီမံကိန်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေး

မန္တလေးတိုင်း ဒေသကြီး ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက Cash for Work စီမံကိန်း ပံ့ပိုးငွေနဲ့ မြေတော်၊ ဝံပတေ့ (မြောက်)၊ ဇီးတော၊ ပုဏ္ဏားကျေးရွာတို့မှာ ရွာတွင်း ဂျင်းလမ်း ခင်းခြင်း၊ ဘက်စုံသုံး ခန်းမ ပြုပြင်ခြင်း၊ လမ်းဘေး ရေမြောင်း တူးဖော်ခြင်း၊ စတဲ့ ဒေသ ဖွံဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို စက်တင်ဘာလ ပထမပတ်က စဉ့်ကိုင်မြိုနယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ် ဦးစီးမှူး၊ ဦးအေးလင်းနိုင်နဲ့ ဝန်ထမ်းတွေက ကျေးရွာ စီမံကိန်း ကော်မတီဝင်တွေနဲ့အတူ ကြည့်ရှု့ စစ်ဆေးပြီး၊ လုပ်ငန်းတွေ ရေရှည်တည်တံ့စေဖို့ စဉ်ဆက်မပြတ် ဝိုင်းဝန်း ထိန်းသိမ်း ဆောင်ရွက်ကြဖို့ မှာကြားခဲ့ပါတယ်။

 

အဲဒီ ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်းတွေကို Cash for Work စီမံကိန်း ပံ့ပိုးငွေ ကျပ် သိန်း ၁၀၀ နဲ့ ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး၊ လုပ်အားခ ချက်ချင်း ပေးချေတဲ့ စနစ်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

 

သတင်း - ရဲအောင် (ကျေးလက်) ၊ ဖြိုးထက်အောင် (ပျော်ဘွယ်)

#CFW, #CERP, #DRD, #MOALI

Credit – SkyNet Media Coverage