Cash for Work စီမံကိန်း မိတ်ဆက်ရှင်းလင်း ကျေးရွာ ကော်မတီဝင်များ ရွေးချယ်ခြင်း ဆောင်ရွက်

ဒီမော့ဆို ဇူလိုင် ၁၁

နိုင်ငံတော်က ချမှတ်ထာ်းသော ကိုဗစ်ကာလ စီးပွားရေး ကုစားမှု အစီအစဉ် Covid-19 Economic Relief Plan (CERP) အရ ကျေးလက်ဒေသနေ မိသားစုများ ဝင်ငွေ လျော့နည်းလာမှုနဲ့ စားဝတ်နေရေး အခက်အခဲများကို ကုစားပေးနိုင်ရန် အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ Cash for Work စီမံကိန်း ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် စီမံကိန်း ဆောင်ရွက်ရန် ကျေးရွာ ၃၆ ရွာ ရွေးချယ်ထားပြီး အဆိုပါ ရွေးချယ်ထားသော ကျေးရွာများအား စီမံကိန်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ယမန်နေ့တွင် လေမအန်းခူ၊ ကတဲကူနှင့် ဆောင်လူးကနား ကျေးရွာများသို့ သွားရောက်၍ စီမံကိန်း အကြောင်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဝင်များ ရွေးချယ်ခြင်းများကို ဆောင်ရွက်ခဲ့သည်။

Cash for Work စီမံကိန်းသည် Covid-19 ကာလအတွင်း ကျေးလက်နေပြည်သူများ ၎င်းတို့၏ ကျေးရွာတွင် ကုန်ထုတ်လုပ်ငန်းနှင့် အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးရေး လုပ်ငန်းများကို ကျေးလက်နေ ပြည်သူများ ကိုယ်တိုင် ဆောင်ရွက်စေပြီး လုပ်အားခ ပေးချေခြင်းဖြင့် ဝင်ငွေ ရရှိစေရန်နှင့် ကျေးရွာ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးစေရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။

ရီရယ် (ဒီမောဆို)

#CERP

#CFW

#DRD

#MOALI

http://www.uniondaily.net/News/DetailView.aspx?id=138748&path=LocalNews.aspx